Wednesday, October 31, 2012
သီတင်းကျွတ်အလှ
တူရာသီ နက္ခတ်ဆန်း
ရာသီပန်း အလှကြာဖြူ
 သင်းပျံ့ကာ ရနံ့ကြိုင်ဆူ
ကောင်းကင်ယံ ကြည်လင်သ
ငွေလ၀န်း ရွှမ်းပပ
ဖယောင်းဆီမီး ရောင်စုံခြယ်
မြတ်ဘုရားကို ပူဇော်မယ်
 မီးရှူး မီးပန်းအလှဆန်း
ဝန်းကျင်တစ်ခုလုံး ရောင်စုံဆင်မြန်း
ရိုးရာဓလေ့ မြန်မာ့အမွေ
လူကြီးမိဘကန်တော့မယ်လေ
ဂါရ၀တရား ဦးခိုက်ထား
ဝတ်တွားကြ ဖြူစင်စိတ်ထား
ထိန်းသိမ်းကြစို့ မောင်ညီမများ
............
(ဆန်းစနေ၀န်း)
6 comments:
  1. မြန်မာတွေရဲ့ချစ်စရာဓလေ့လေးပါပဲအစ်မရေ။
    ReplyDelete
    Replies
    1. ဟုတ်တယ်...
      ရိုးရာပွဲတော်တွေက အရမ်းချစ်စရာကောင်းတယ်
      Delete
  2. သီတင်းကျွတ်အတွက်ရေးထားတဲ့ မြန်မာကဗျာစစ်စစ်လေးကိုခုမှဖတ်ရတယ်
    ခင်မင်တဲ့ sis jasmine
    ReplyDelete
    Replies
    1. မြန်မာကဗျာလေးကို အားပေးတဲ့အတွက် ကျေးဇူးပါနော်
      Delete
  3. သီတင်းကျွတ်အလှလေးကို ခံစားသွားပါတယ်နော်
    ခင်တဲ့..မိုးနတ်
    ReplyDelete
    Replies
    1. မိုးနတ်ရေ...လာလည်တဲ့အတွက် ကျေးဇူးပါနော်
      Delete