Monday, January 18, 2016




သူမ
သူမထံ  အခစားဝင်ဖို့
အကြိမ်ကြိမ် တွန့်ဆုတ်ခဲ့
မနှစ်သက် မဟုတ်ပါ
ကိုယ့်အနာတ်
ကိုယ့်အသိုက်အမြုံ
 ပြိုကွဲမှာ စိုးရိမ်စိတ်နဲ့
ခေါင်းခါခဲ့ အလီလီ
ကိုယ့်အ ‌ြေခအနေကမဖြစ်နိုင်လို့ပါ
ကိုယ်ဟာ အတ္တသမားတစ်ယောက်လေလား

ရှောင်လွှဲမရတဲ့ အကြောင်းရယ်မို့
သူမနှင့် တွေ့ဆုံစည်းခဲ့
သူမကလဲ ကိုယ့်အပေါ်မှာ
နွေးထွေးပျူှာ
ရင်းနှီးစွာဖြင့်
ဖေးမ ကူညီ ြမှင့်တင်ပါရဲ့
ကိုယ့်ဘက်က လစ်လျူရှု
ကျောခိုင်းစွန့်ခွာဖို့
 ကြိုးစားလေခဲ့
ကိုယ်ဟာ အတ္တသမားတစ်ယောက်လေလား

ရာသီစက်ဝန်း လည်ပတ်သည်နှင့်အမျှ
ကိုယ်နှင့် သူမ
သံယောဥ်ဇဥ်ကြိုး ရစ်ချည်မိတယ်
သို့ပေမယ့်လည်း
ကိုယ့်မျက်ဝန်းမှာ မျက်ရည်စများစွာနဲ့
စတေးခဲ့ရတဲ့ ရယ်သံတွေ
ပျောက်ဆုံးခဲ့ရတဲ့ အပြုံးချိုတွေ
ကွဲအက်နေတဲ့ နှလုံးသားတွေ
သူမကြောင့်ရယ်လို့သာ အပြစ်ြမင်
ကိုယ်ဟာ အတ္တသမားတစ်ယောက်လေလား

ဆန္ဒ နှင့် ဘဝ အကြိမ်ကြိမ် လွန်ဆွဲ
နေ့နှင့်ည လို တလှည့်စီ ြဖစ်ခဲ့
ပျော်ရွှင်မှု နှင့် အထီးကျန်မှု
သူမ ဝန်းကျင် နှင့် ကိုယ့်အသိုက်အမြုံ
နောက်ဆုံးတော့ ကံကြမ္မာ မျက်နှာပေး
ြပံုးပျော်တဲ့ ပီတိအစုံ
ရင်မှာလှိုက်ခုန် မျှော်လင့်ချက်
ပေါ့ပါးတဲ့ ‌တောင်ပံအစုံနှင့်
သူမရင်ခွင်ကို ကျောခိုင်းခဲ့
ကိုယ်ဟာ အတ္တသမားတစ်ယောက်လေလား

အခုတော့လည်း
ဝေးသွားြပီဆိုကာမှ
သူမနှင့် ပတ်သက်သမျှ
ကိုယ့်မှာ ယစ်မူးခဲ့
ကိုယ်တို့ရဲ့ အတိတ်မှတ်တမ်းတွေ
တွယ်တာစွာ မဖျောက်ပစ်ရဲ့
သူမရဲ့ လှပမှုတွေ
ရင်ခုန်စွာ စောင့်ကြည့်လျက်
မျှော်လင့်လျက်
မျှော်လင့်ချက်များစွာနှင့်
သူမရဲ့နှလုံးသားလေး
ထာဝရ လှပပါစေ
သူမရဲ့ မျိုးဆက်သစ်တွေ
ထာဝစဥ်သာ တောက်ပပါစေ
သူမရဲ့ ရောင်ြခည်ဦးတွေ
ကောင်းကင်ယံမှာ ဝင့်ထည်ပါစေ
အဝေးကဘဲ လွမ်းဆွတ်ဆုတောင်းနေပါတော့မယ်
သူမရေ

(ဆန်းစနေဝန်း)