Tuesday, March 27, 2012
ဖန်ခါးမြေအမှတ်တရ စာတိုပေစလေးများ (၂)
သူ..........
  • သူ.ကို ထန်းရိပ်ညိုတို့ မိသားစုက ၀န်းရံထားတယ်.....
  • ဘုရားငါးဆူနှင့် တံတားအို တို့ကလည်း သူရဲ့ပသာဒကို တင့်တယ်စေတယ်......
  • ပြာလဲ့လဲ့ရေကန်မဟာနှင့် ပန်းကြာဝတ်မှုန်တို့ကလည်း သူ့ခြေရင်းမှာ ၀ပ်ဆင်းကြတယ်.....
  • နှမ်းခင်းစိမ်းနှင့် ၀ါ ပြောင်း ပဲမျိုးစုံတို့ဆွေမျိုးတစ်စုကလည်း သူ့ထံပါးမှာ ရာသီအလိုက် အလှည့်ကျ ခစားကြပြန်တယ်.....
  • စိန်းပန်းနီဝါတို့ အမွှာမောင်နှမကလည်း သူရဲ့အလှကို ပြည့်စုံစေတယ်.....
  • ကုက္ကိုယ် တမာ မဲဇလီ ရေတမာတို့ သူငယ်ချင်းတစ်စုကလည်း သူ.ရင်ခွင်ရိပ်ကို အေးမြစေတယ်.....
  • လေပြေညင်းသွဲ.သွဲ.ကတော့ သူ့ပတ်ဝန်းကျင်မှာ လူးလာခေါက်တုန်ပြုရင်း လန်းဆန်းစေတယ်.....
  • လမ်းမြေနီကတော့ သူ့ရိပ်မြုံအတွင်းမှာ ကွန်ရက်သဖွယ် ဖြန့်ကျက်ထားတယ်.....  
  • ဖြူပြာရောယှက်တဲ့ အလှဝတ်ရုံကို ဆင်မြန်းထားကြတဲ့ အိုဘယ့်လူသားတွေကတော့ သူ့ဘ၀ရဲ့ အသက်သွေးကြောတွေပါဘဲ.....   
သူဟာ ဘယ်သူလဲ................
(ဆန်းစနေ၀န်း)
Friday, March 23, 2012
ရင်ထဲက ပုဂံ(၃)
နတ်တောင်ကျောင်းရဲ့  ဗိသုကာလက်ရာ
နတ်ထောင့်ကျောင်း...လို.လည်းခေါ်တွင်တယ်.....
မြန်မာမှုသစ်သားပန်းပုအနုလက်ရာစုံလင်စွာနှင့်တန်ဆာဆင်ထားတဲ့အတွက် ရုပ်စုံကျောင်း...လို့ တစ်မည်...ခေါ်ကြတယ်.....
ပုဂံမြို.ဟောင်းရဲ့ အရှေ့မြောက်ဘက်ယွန်းယွန်း...တောင်ဘီရွာရဲ့ မြောက်ဖျား...မြစ်မင်းဧရာရဲ့ တောင်ဘက် ကမ်းနဖူးမှာ တည်ရှိတယ်.....
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျာ်က တည်ဆောက်ထားတဲ့ ကုန်းဘောင်ခေတ် သစ်သားဘုန်းကြီးကျောင်း တစ်ကျောင်းပါ....
အခုအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိင်ပြီး ပြတိုက်တစ်ခုသဖွယ် ရှိနေပါတယ်.....
(၂၀၁၀) မှတ်တမ်းတင်ထားပါသည်
နတ်တော်ကျောင်းတော်ကြီးကို ဆောင်မကြီး နှင့် ဘုရားဆောင်၊ ပြသဒ်ဆောင်၊ စနုဆောင်နှင့် ဘုန်းတော်ကြီး ကျိန်းစက်ဆောင်၊ ဘောဂဆောင် နှင့် စင်္ကြန်လျှောက်လမ်း တို့ဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ခု၏ အင်္ဂါရပ်များနှင့်အညီ ဖွဲ.စည်းထားပါတယ်.....
နတ်တောင်ကျောင်းပန္နက်ပုံ (Plan)
Measured & Drawn by Department of Architecture (TU.Magway, 2008)
ကျောင်းကြီးပေါ်သို့တက်ရန် ယခင်က လှေခါး(၇)စင်းရှိရာ ယခုအချိန်တွင် (၅)စင်းသာရှိပါတယ်.....
ဘုရားဆောင်နှင့် ဆောင်မကြီးမှာ အမိုးဘုံ(၃)ဆင့်၊ ပြသဒ်ဆောင်မှာ အမိုးဘုံ(၇)ဆင့်၊ စနုဆောင်မှာ ဘုံ(၃)ဆင့်၊  ဘုန်းတော်ကြီးအိပ်ဆောင်မှာ ဘုံ (၅)ဆင့် ..အမိုးများရှိပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
နတ်တောင်ကျောင်း ဘေးတိုက်မြင်ရပုံ ( North Elevation)
Measured & Drawn by Department of Architecture (TU.Magway, 2008)
ကျောင်းတော်ကြီးရဲ့ Structure တည်တံ့ခိုင်မြဲစေရန်အတွက်ကို အချင်း(၁'- ၃")ခန့်တဲ့သစ်သားတိုင်ပေါင်း (၁၆၀)ကျော်ကို အသုံးပြုတည်ဆောက်ထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
သစ်သားတိုင်များကို အခြေခိုင်ခံ့စေရန် အုတ်ဖိနပ်ဖြင့်  ခိုင်မြဲစေပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
  တိုင်နှင့်ယက်မများကိုလည်း စရွေးဖောက်ပြီး တည်ဆောက်ထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
ဝရန်တာလက်ရမ်းသစ်သားတိုင်များကိုလည်း အင်္ဂတေတိုင်ထိပ်ဖုံးများနှင့် ရာသီဥတုဒဏ်ကာကွယ်နိုင်ရန်   ပြုလုပ်ထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
ဘုန်းတော်ကြီးအိပ်ဆောင်ရှိ သစ်သားတံခါးကိုလည်း အနုစိတ်စွာ ဖန်တီးထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
ကျောင်းကြီးအတက်လှေခါးထိပ်ရှိ တံခါးရွက်များကိုလည်း...သစ်သားပန်းပုများနှင့် တန်ဆာဆင်ထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
 ပြသဒ်အမိုးများကိုလည်း အနုလက်ရာ စုံလင်စွာနှင့်ခြယ်မှုန်းထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
အမိုးပန်းဆွဲများမှာလည်း လက်ရာမြောက်စွာ ထွင်းထု အလှဆင်ထားပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
ကျောင်းအတွင်းရှိ ဘုရားဆောင်နောက်တွင် ကာရံထားသော မာရပြင်ရှိ တံခါးကိုလည်း သစ်သားပန်းကနုတ်များနှင့် လှပစေပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
ကျောင်းအတွင်းရှိ သစ်သားတိုင်များကိုလည်း ပန်းပုရုပ်ကြွများနှင့် ပိုမို တင့်တယ်စေပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
တိုင်ထိပ်များကိုလည်း ကြာပွင့်ပုံစံဖော်ပြီး အလှဆင်ထားပါသေးတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
 မျက်နှာကြက်များကိုလည်း ပန်းကနုတ်များနှင့် အနုစိပ်စွာဆင်ယင်ထားပါသေးတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
ယက်မများကိုလည်း ပန်းအနုအလှနှင့် ဖုံးအုပ်ပြီး အမြင်ပသာဒ လှပစေပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
 မျက်နှာကြက် နှင့် တိုင်..ယက်မများကိုလည်း ပန်းလက်ရာများစွာနှင့် ထုဆစ်တင့်တယ်စေပါတယ်.....
(၂၀၀၈) မှတ်တမ်းတင်ထားပါသည်
နတ်တောင်ကျောင်းတော်ကြီးမှာ ပြောပြလို့ မကုန်နိုင်တဲ့ သစ်သားအနုလက်ရာ အစုံအလင်နှင့် ဖန်တီးတည်ဆောက်ထားပါတယ်.....
သစ်သားပန်းပုရုပ်ကြွအနုလက်ရာများမှာ မူလအတိုင်းကျန်ရှိနေသေးသော်လည်း  ၄င်းတို့ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းသင့်ပါတယ်.....
မြန်မာမှုအနုပညာကို ချစ်မြတ်နိုး တန်ဖိုးထားသူတိုင်း တကယ်ကို သွားရောက်လေ့လာသင့်တဲ့    
 ကျောင်းတော်ကြီး ဖြစ်ပါတယ်.....
မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်....ပုဂံရောက်ရင်လည်း နတ်တောင်ကျောင်းတော်ကြီး ကို မဖြစ်မနေသွားရောက်ခဲ့ကြပါလို့ အကြံပေးချင်ပါတယ်.....
Department of Architecture (TU. Magway, 2008)
  (ဆန်းစနေ၀န်း)
Monday, March 19, 2012
ရင်ထဲက ပုဂံ(၂)
ဗူးလည်သီးစေတီရဲ့ ဗိသုကာလက်ရာ
ဗူးလည်သီးစေတီဟာ ပုဂံမှ ညောင်ဦးသို့အသွား အနော်ရထာလမ်းမကြီး ညာဘက်ခြမ်း မလှမ်းမကမ်းမှာ တည်ရှိတယ်.....အလိုတော်ပြည့်ဂူဘုရားနဲ့လည်း အလှမ်းမဝေးလှပါဘူး.....
Google Map မှကူးယူထားပါသည်
ဗူးလည်သီးစေတီဟာ စတုရန်းပုံစံ ပန္နက်ပုံ (Square Plan) ရှိတယ်.....မြင့်မားတဲ့ လေးထောင့်ပစ္စယံ ( High Square Terrace) သုံးဆင့်က စေတီတော်ကို အထင်ကရ ဖြစ်စေတယ်.....
ဥာဏ်တော်ပေ(၁၀၀)ကျော်မြင့်မားပါတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
ပစ္စယံများပေါ်သို့ လေးဘက်လေးတန်မှ တက်နိုင်တဲ့ လှေခါး(Stairway) (၄)ဆင်းရှိတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
 ပစ္စယံတိုင်းရဲ့ ထောင့်တိုင်မှာ ထောင့်စေတီ (Corner Stupa)များနဲ့ စေတီတော်ရဲ့အလှ ကို တင့်တယ်စေတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
စေတီတော်ရဲ. ကိုယ်ထည် (Anda)ဟာ ပုဂံမှာတည်ထားတဲ့ အခြားစေတီများနှင့် မတူပါဘူး.....ပုဂံမှာ တော်တော်ရှားရှားပါးပါးတွေ.ရခဲတဲ့ လုံးဝန်းတဲ့ ကိုယ်ထည်(bulbous Dome) ပါ.....ပုဂံမြို.ဟောင်းမှာရှိတဲ့ ပုထိုးသားများပုထိုးနှင့် ပုံစံတူပါတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
ကိုယ်ထည်ကို နဂါးရုပ်များနှင့်တန်ဆာဆင်ထားတဲ့ အင်္ဂတေပန်းများနှင့် အကန့် (၁၀)ကန့်ခွဲထားပြီး အမြင်ရသကို ဆွဲဆောင်ထားပါတယ်.....အခုအချိန်မှာတော့ ရာသီဥတုဒဏ်ကြောင့် ရှေးမူလက်ရာ အင်္ဂတေပန်း အနည်းငယ်သာကျန်ရှိပါတော့တယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးသွားသည်များကို အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ ဖောင်းရစ် (Ringed Conical Spire)..ကြာမှောက်(Down-turned Lotus Petal)..  ရွဲ(Bow) ကြာလန်(Up-turned Lotus Petal)နှင့်ထီးတော် (Umbrella)ဖြစ်ပါတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
 ဗူးလည်သီးစေတီမှ...အလိုတော်ပြည့်ဂူဘုရား...စဥ့်ပုထိုး နှင့် ပတ်ဝန်းကျင် စေတီပုထိုးများကိုလည်း ဖူးမြော်နိုင်ပါတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
 အနောက်ဘက်ယွန်းယွန်းသို့ လှမ်းမြော်ကြည့်လိုက်လျင် အာနန္ဒာဂူဘုရား..သဗညုဂူဘုရား.. ကန်တော့ပလ္လင်ဂူဘုရားနှင့်  တန့်ကြည့်တောင် အလှများလည်း ခံစားနိုင်ပါတယ်.....
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
ပြီးတော့ အနောက်တောင်ဘက်တွင် မင်္ဂလာစေတီ..ရွှေဆံတော်စေတီ..နှင့် ပုဂံမြင်ကွင်းများကို တ၀ကြီးခံစားနိုင်ပါတယ်.......
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည်
 ဗူးလည်သီးစေတီရဲ. ပစ္စယံများပေါ်မှ Sun Rise နှင့် Sun set အလှများကိုလည်း ရင်သတ်ရှုမောဖွယ် တွေ.မြင်နိုင်ပါသေးတယ်......
(၂၀၀၈)Sun Rise မြင်ကွင်း
 ပုဂံရောက်ရင် ဗူးလည်သီးစေတီ ကိုတော့ တစ်ခေါက်လောက်အရောက်သွားစေချင်ပါတယ်........
(ဆန်းစနေ၀န်း)
Thursday, March 15, 2012
ရင်ထဲက ပုဂံ (၁)
ပုဂံ.....
ပုဂံ...ရယ်လို. ကြားလိုက်တာနဲ. ရင်တွေခုန်လာတယ်....
ပုဂံမြင်ကွင်းတွေကို ....မြင်လိုက်ရရင် လန်းဆန်းလာတယ်.....
ပုဂံအကြောင်းပြောရမယ်ဆိုရင်.....မမောမပမ်းပြောတယ်....
သူငယ်ချင်းတွေကပြောတယ်...ပုဂံနှင့်အဆက်ရှိတယ်ထင်တယ်ပြောတယ်.....
ဟုတ်တယ်....ကျွန်မငယ်ငယ်... ပုဂံကို မရောက်ဖူးခင်...TV..Video...တွေ...စာအုပ်တွေထဲမှာ မြင်ရ ဖတ်ရရင် အရမ်းသဘောကျတယ်.....အရမ်းရင်ခုန်တယ်.....ရင်မှာ စပြီး ကိန်းအောင်းခဲ့တယ်......
အခုဆိုရင် ပုဂံကို ရောက်ခဲ့တာ (၇)ခေါက်ရှိသွားပြီ....ဒါပေမယ့် နောက်ထပ်လည်းသွားချင်တုန်းပါဘဲ.....
ရိုးသွားတယ်လို့ မရှိပါဘူး.....တစ်ခေါက်တစ်ခါ ဆန်းသစ်မှုတွေပေးနေဆဲပါ.....
ပထမဆုံးအကြိမ် ပုဂံကိုစသွားတာကတာကတော့ 'Visit Myanmar Year 1996' တန်ဆောင်တိုင်ကျောင်းပိတ်ရက်မှာပေါ့....အဲဒီတုန်းက ကျွန်မ (၁၀)တန်း အထက်တန်းကျောင်းသူဘ၀....ကျွန်မတို့ ဆွေမျိုးမောင်နှမတွေနဲ့သွားကြတာ...
လမ်းတလျှောက်တွေ့မြင်သမျှကို...မှတ်တမ်းရေးရတာအမော.....
ပုဂံ..ညောင်ဦး..ပုပ္ပါး (၃)ရက်ခ၇ီးဆိုတော့ တစ်နေရာဆိုရင်ခဏဘဲ နေရတယ်.....လည်ရပတ်ရတာ အားမရဘူးပေါ့.....အဲဒီကစလို့...ပုဂံရဲ.အနုပညာလက်ရာတွေနဲ့ မိတ်ဆက်သိရှိခွင့်ရခဲ့တယ်.....
ဒုတိယအကြိမ်က တက္ကသိုလ်ကျောင်းသူဘ၀... ဗိသုကာမေဂျာကျောင်းသားတိုင်း မဖြစ်မနေပြုလုပ်ရတဲ့
Measure Drawing Trip ပေါ့ ၂၀၀၂ခုနှစ် ဖေဖော်ဝါရီက သွားခဲ့တာ..... ဆရာ၊ဆရာမတွေရဲ့ အုပ်ချုပ်မှူအောက်မှာ အရမ်းပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့ခရီးစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ်.....
စိမ်းညက်ညီအစ်မဘုရားကို Measure Drawing  ပြုလုပ်ခဲ့ကြတယ်....
ပုဂံမှာ(၂)ပတ်လောက်ကြာကြာနေခဲ့ရလို့..နေရာတွေ တော်တောစုံစုံလင်လင် လည်ပတ်ခဲ့ကြတယ်.....
ဒီတခေါက်မှာ....ပုဂံရဲ. အနှစ်သာရကို သိရှိခံစားတတ်လာတယ်.....
တတိယအကြိမ်ကတော့ ၂၀၀၃ခုနှစ် နိုဝင်ဘာကပေါ့
M-Arch Thesis အတွက် လိုအပ်တဲ့ အချက်အလက်တွေစုဆောင်းဖို့ပေါ့.....
သူငယ်ချင်းတစ်ချို.နှင့် အတူသွားခဲ့ကြတယ်.....
 Thesisနဲ့သက်ဆိုင်တဲ့ ပုဂံခေတ်ဦးစေတီပုထိုးတွေကို ရှာဖွေရတာလည်းအရမ်းကို ရင်ခုန်စရာကောင်းပါတယ်.....စက်ဘီးကိုယ်စီနှင့် ပုဂံညောင်ဦးတစ်ခွင်ကို (၂)ပတ်လောက် လည်ပတ်ရတာ...အရမ်းလည်းပင်ပန်းခဲ့ပေမယ့် အတွေ.အကြုံတွေအများကြီးရခဲ့တယ်...
တန်ဖိုးမဖြတ်နိုင်တဲ့...ခရီးတစ်ခုဖြစ်ခဲ့တယ်.....
စတုတ္ထအခေါက်ကတော့ ကျွန်မအလုပ်ဝင်ပြီး...ဆရာမပေါက်စဘ၀ကပေါ့.....၂၀၀၇ခုနှစ် နိုဝင်ဘာ...
တပည့်တွေရဲ့ Measure Drawing အတွက်...Supervision ပေါ့.....
အရင်အခေါက်တွေနဲ့မတူ...အစစအရာရာကိုယ်ကဦးဆောင်ရတော့ အရမ်းရင်မောရတယ်.....
ဒါပေမယ့် ကိုယ်ရဲ့ ဆောင်ရွက်မှုတွေအောင်မြင်တော့ အရမ်းဝမ်းသာကြည်နူးခဲ့ရတာပေါ့.....
ပုဂံ ဗူးလည်သီးစေတီ ကို Measure ပြုလုပ်ခဲ့ကြတယ်...ပြီးတော့ ပုဂံက Hotel အချို.ကို လေ့လာခဲ့ကြတယ်....
ပဉ္စမအခေါက်နှင့် ဆဌမအခေါက်ကလည်း ၂၀၀၈ နှင့် ၂၀၀၉ခုနှစ်တွေက ကျောင်းသား၊သူတွေရဲ့ Measure Drawing Trip အနေနဲ့သွားခဲ့ကြတယ်.....
ပုဂံမြို.ဟောင်း..တောင်ဘီရွာမှာရှိတဲ့...နတ်တောင်ဘုန်းကြီးကျောင်းနှင့် မွန်ဂူဘုရားကို အသီသီးတိုင်းတာရေးဆွဲပုံထုတ်ခဲ့ကြတယ်.....ဗဟုသုတများစွာရခဲ့တဲ့ ခရီးတွေပါ.....
အင်း..အခု နောက်ဆုံးအခေါက်ကတော့ ကျွန်မသုတေသနဌာနမှာ တာဝန်ကျစဉ် project တစ်ခုအတွက် သူငယ်ချင်းတွေနဲ့ အတူသွားခဲ့ကြတယ်....
ပုဂံ ဗိသုကာလက်ရာတွေကို အေးအေးဆေးဆေးလေ့လာခွင့်ရခဲ့တယ်.....
ပုဂံကို အကြောင်းမျိုးစုံနဲ့ ကျွန်မရောက်ခဲ့ပါတယ်....ရောက်ခဲ့တိုင်းလည်း ပျော်ရွှင်ခဲ့တယ်...ကြည်နူးခဲ့တယ်..ဆန်းသစ်တဲ့ခံစားမှုတွေရခဲ့တယ်...
နောက်တစ်ကြိမ် ဘယ်တော့များရောက်အုံးမလဲ...ရင်ခုန်စွာ စောင့်မျှော်လျက်.....
(ဆန်းစနေ၀န်း)
Monday, March 12, 2012
သမီးလေးအတွက် မေမေ့မှတ်တမ်း(၁)
သမီိးလေးအတွက်  မေမေ့မှတ်တမ်း (၁)
ချစ်ရတဲ့ မေမေ့သမီးလေး..
သမီးလေးကို(၂၀၁၁)ခုနှစ် သြဂုတ်လ(၂၈)ရက် တနင်္ဂနွေနေ့ မနက်(၀၀း၁၇)နာရီမှာ မွေးဖွားတယ်……..
ြမန်မာလိုဆိုရင်တော့ (၁၃၇၃)ခု၊ ဝါခေါင်လကွယ်နေ့ပေါ့……..
သမီးလေးဟာ.အရမ်းလိမ္မာတယ်……..သမီလေးကိုကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းကလည်း.မေမေ့မှာဘယ်လိုဒုက္ခဆင်းရဲပင်ပန်းမှုမှ..မခံစားခဲ့ရဘူး.ယောကျ်ားဖောင်စီး.မိန်းမမီးနေ’ ....ဆိုတဲ့………စကားရှိပေမယ့်လည်း. သမီးလေးကို.လွယ်လွယ်ကူကူချောချောမွေ့မွေ့မွေးဖွားနိုင်ခဲ့တယ်……
သမီးလေးကို…….ကျန်းကျန်းမာမာရှိအောင် သူ့ဖွားဖွား(ကျွန်မအမေ)က…….. Baby Stone လို့အိမ်နာမည် ပေးထားတယ်နာမည်ကြောင့်လားတော့ မသိဘူး…….သမီးလေးဟာအရမ်းကျန်းမာတယ်..အရမ်းသန်မာတယ်…… …အသားလေးတွေကျစ်ြပီး..မာနေတယ်သမီးလေးလက်ကလေးတွေဟာ.ကောက်ညင်းဆိုင်းထုပ်လေးနှင့်တူတယ်လို့သူ့အဖေက ..အမြဲ‌ြေပာတယ် မိတ်ဆွေသူငယ်ချင်းတွေက‌ြေပာကြတယ်သမီးလေးဟာ…… သူ့အဖေနှင့်တူတယ်တဲ့
သမီးလေးရဲ့ဖောင်းြပည့်နေတဲ့လက်ဖဝါး.ခြေဖဝါးသေးသေးလေးတွေဟာ..အရမ်းချစ်ဖို့ကောင်းတယ်..သမီးလေးရဲ့မျက်လုံလေးနှင့်နှုတ်ခမ်းလေးဟာ..သူအဖေနဲ့တူတယ်တော်သေးတာပေါ့ကျွန်မနဲ့တူလျင်.နှုတ်ခမ်းထော်လေး..မွေးမှာလို့..သူ့အဖေက……ချစ်စနိုးနဲ့ စလေ့ရှိတယ်……….ကျွန်မနဲ့တူလို့ လှတဲ့အရာလေးကတော့ ..မျက်တောင် ကော့ကော့လေးတွေကို.ပိုင်ဆိုင်ထားြခင်းြဖစ်တယ်……. မျက်ခုံးထူထူလေးကတော……ကျွန်မတို့နှစ်ယောက်နဲ့တူတယ်. ကျွန်မတို့နှစ်ယောက်ထက်တော့အသားပိုဖြူတယ်.ကျွန်မတို့နှစ်ယောက်လုံးကအသားညိုတဲ့အထဲမှာပါတယ်လေ…… ြပီးတော့ကျွန်မတို့ထက်ပိုြပီးလှတာလေးတစ်ခုက..ပါးချိုင့်လေးနှစ်ဖက်ပါတယ်……သမီးလေးဟာ..ဆံပင်တော့မကောင်းရှာဘူး……မွေးကတည်းက…….ဆံပင်ကျိုးတို့ကျဲတဲလေးနဲ့အခုတော..ကတုံးတုံးထားတယ်
သမီ‌းေလးအသက်(၁)လခွဲလောက်အရွယ်ကတည်းက.ပက်လက်ကလေးချထားရင်.‌.ြေခထောက်ကလေးေတွက……အငြိမ်မ‌ေန‌ေတာ့ပေ..ဖနောင့်လေးနဲ့အိပ်ယာပေါ်.တဒုန်းဒုန်းပေါက်တတ်နေပြီ……ဟိုဘက်ဒီဘက်စောင်းချင်နေပြီ……..ဝမ်းလျားမှောက်ဖို့.ကြိုးစားနေပေမယ့်.သူ့ခေါင်းလေးကိုမထိန်းနိုင်ရှာသေးဘူး……
သမီ‌ေလးအသက်(၃)လ(၃)ပတ်ဒီဇင်ဘာ..(၂၁)ရက်နေ့မှာတော့..ညာဘက်စောင်းရာကစပြီးမှောက်တတ်တော့တာဘဲ……..သမီးလေးဟာ..မှောက်တတ်ြပီဆိုတာနဲ့.ပက်လက်လေးထားရင်…….ဘယ်တော့မှ.ငြိမ်ငြိမ်မနေတော့ဘဲ……မှောက်မှောက်ပစ်တာပါဘဲ……သူဟာညာဘက်ကိုအားသန်တဲ့အတွက်.ညာဘက်ပဲစောင်းစောင်းြပီးမှောက်တယ်………
သမီးလေး(၄)လပြည့်ပြီးတဲ့အချိန်မှာတော့..အာဟာရမှုန့်စကျွေးပါြပီ…….ကျွန်မကလည်းရုံးတက်ရတော့မယ်ဆိုတော့ နို့မှုန့်သောက်ရုံနဲ့မလုံလောက်တော့ဘူးလေ..ြပီးတော့သမီးကနို့မှုန့်..နို့ဗူးကိုလည်း.သိပ်ခုံခုံမင်မင်မရှိဘူးအမေနို့ဘဲသူကြိုက်တယ်လေ…….ကျွန်မရုံးတက်တဲ့နေ့တွေမှာ..အာဟာရမှုန့်ကိုအားရပါးရစားပေမယ့်..ရုံးပိတ်ရက်မှာဆိုရင်..နို့ခဏခဏစို့နေရတာနဲ့..အာဟာရမှုန့်ကိုမစားချင်တော့ဘူး……
သမီးလေး(၅)လပြည့်ပြီးတော့အာဟာရမှုန့်ကိုနေ့လည်နဲ့ညနေပိုင်းနှစ်ခါကျွေးတယ်……နို့ဘူးကုိတော့လုံးဝတိုက်မရတော့ပါဘူး…....ကျွန်မမရှိတဲ့အချိန်တွေမှာ..သမီး‌ေလးဗိုက်ဆာနေမှာစိုးလို့..ချော့မော့တိုက်ပေမယ့်လည်း..လုံးဝကို ြငင်းဆန်တာပါဘဲ…….အမေ့နို့ဆိုရင်တော့လာခဲ့.ဘယ်အချိန်ဘဲ ြဖစ်ဖြစ်..သူ့အကြိုက်ပါဘဲ…….
သမီးလေး(၅)လခွဲလောက်အရွယ်မှာသူ့ကို ထိုင်ကွင်းလေးထဲ.ထည့်ကြည့်တာပေါ့.အစောပိုင်းရက်များမှာတော့ ထိုင်ကျင့်မရှိသေးတော့..ဟိုယိုင်ဒီယိုင်.သူ့ခါးသူကောင်းကောင်း.မထိန်းမတ်နိုင်ဘူး……‌ြေခထောက်လေးကလည်း.ယက်ကန်ယက်ကန်နဲ့ဘဲ လှမ်းနိုင်သေးတယ်..အဲဒီနောက်..(၁၀)ရက်လောက်ကြာတော့မှ.တဖြည်းဖြည်းနဲ့ခါးကို. ထိန်းနိုင်မတ်နိုင်လာတယ်.‌ြေခထောက်ကလေးတွေနဲ့..ရွှေ့ပြီးတွန်းတတ်လာတယ်…….
(၆)လပြည့်ပြီးတဲ့အချိန်မှာတော့သမီးလေးဟာ……ကောင်းကောင်းကိုလှုပ်ရှားသွားလာတတ်ပါြပီ..ဧည့်ခန်းမှာကျင်ကျင်လည်လည်လှုပ်ရှားသွားလာတတ်ြပီးေနာက်မှာ .အလယ် Passage မှာ.အဲဒီနောက်အိပ်ခန်းတွေထဲ.ကောင်းကောင်း လည်ပတ်တော့တာပါဘဲ.တဒုန်းဒုန်းနဲ့‌ြေပးတော့တာပါဘဲ.ဧည့်ခန်းနှင့်မီးဖိုခန်းက.Plinth Level မညီတော့…… ကြားကတံခါးကို.ပိတ်ထားရတယ်……..…ြပီးတော.ဧည့်ခန်းကနေအိမ်ြပင်ထွက်တဲ့ တံခါးလည်း..သမီးလေး ပြုတ်ကျမှာ စိုးတာနဲ့……ပိတ်ထားရတယ်……
အိပ်ခန်းထဲက……မှန်ရှေ့ကိုရပ်ြပီး.သူ့ပုံလေးသူပြန်ြမင်ရတဲ့..အထူးအဆန်းကြည့်နေတော့တာပါဘဲ….….မီးပျက်တဲ့တစ်ရက်မှာ.အိမ်မှာ.ဖယောင်းတိုင်လေးထွန်းထားတုန်း.သူအရိပ်လေးက.နံရံပေါ်ကျတာကို ြမင်ြပီး..မျက်လုံးလေး ကလယ်ကလယ်နဲ့. ကြည့်တော့တာပါဘဲ.သူလှုပ်တိုင်းအရိပ််ကလိုက်လှုပ်နေတော့တော်တော်ထူးဆန်းနေတာပေါ့……
ကွင်းလေးနဲ့ကျင်ကျင်လည်လည်လျှေက်ြပီးသွားတတ်ြပီဆိုတာနဲ့……ပတ်ဝန်းကျင်မှာရှိတဲ့.အရာတိုင်းကို……လေ့လာစမ်းစစ်တော့တာပါဘဲ……လက်လှမ်းမှီတဲ့အရာမှန်သမျှကို.ကိုင်တွယ်တော့တာပါဘဲ……ကျွန်မတို့ကလည်း..အန္တရာယ်ရှိနိုင်တဲ့အရာတွေကိုတော့..ခပ်ဝေးဝေးသမီးမသွားနိုင်တဲ့နေရာကို.‌ြေပာင်းထားရတယ်…….ကျိုးတန်းလန်းကျနေတာလေးတွေဆိုရင်ဆွဲတယ်.ရေသန့်ဘူးကရေပိုက်ခေါင်းဆိုရင်လည်းလှည့်ချင်တာပါဘဲ…….စက္ကူ၊စာရွက်၊စာအုပ်တွေဆွဲစုပ်တယ်.. ြပီးတော့ြမင်ြမင်သမျှလက်လှမ်းမီသမျှကို……အကုန်ပါးစပ်ထဲ.ဆွဲသွင်းတာပါဘဲ…….ကျွန်မတို့တွေကတော့……အမြဲတမ်းကြည့်ဂရုစိုက်ပေးရတာပေါ့……..အိပ်ယာပေါ်မှာထားရင်လည်း .ဘယ်တော့မှငြိမ်ငြိမ်မနေတော့ပါ.၃၆၀ဒီဂရီ. လှည့်တော့တာပါဘဲ……
သမီးလေးဟာ..အဖေချစ်လေးလေသူ့အဖေအသံကြားြပီဆိုတာနဲ့….အိပ်ငိုက်နေရင်တောင်မျက်လုံးဖွင့်ကြည့်တယ်…...ြပီးတော့မြင်တာနဲ့..ဝူးဝူးဝါးဝါးစကားတွေ‌ြေပာြပီး..ပြုံးပြပြီး.ထတော့တာပါဘဲညညဆိုရင်သူ့အဖေနဲ့ကစားရတာအမောဘဲ.သူအဖေ အလုပ်သွားလို့ညဘက်မိုးချုပ်မှ ြပန်လာတယ်ဆိုရင်လည်း.တံခါးဖွင့်သံသူအ‌ဖေ‌ြေခသံကို ကြားြပီဆိုတာနဲ့. နားစွင့်နေတာ..ြပီးတော့ သူဆီလာမယ်အထင်နဲ့..အိပ်ခန်းတံခါးကိုလည်း.. လှမ်းလှမ်းကြည့်သေးတယ် ြပီးတော့ သ့အဖေနဲ့အတူ အိပ်ယာထဲမှာ..ဆူညံနေအောင်..ဆော့တော့တာဘဲ……..
သမီးလေးရဲ့မျက်နှာလေးဟာ………အမြဲပြုံးချိုနေတတ်လို့.တခါတလေ.သူ့ကိုမပြုံးချိုလေး..Sugar Lay လို့ စနောက်ြပီးခေါ်ကြတယ်အိမ်နီးနားချင်းတွေနဲ့လည်း..နှုတ်ဆက်စကား‌ြေပာရတာအမော……မျက်နှာချင်းဆိုင်အိမ်က..ညီမလေးက သူအိမ်မီးဖိုထဲမှာ ချက်ပြုတ်နေရင်သမီးလေးကကျွန်မတို့အိမ် ဧည့်ခန်းထဲကနေလှမ်းနှုတ်ဆက်ရီပြရတာ.
ြပီ'တော့ချစ်စရာကောင်းတဲ့ အချက်လေးတခုကကျွန်မရုံးသွားြပီဆိုရင်ရီပြုံးပြီးနှုတ်ဆက်တယ်
ရုံးြပန်လာချိန်ဆိုရင်.အိမ်ရှေ့လှေခါးထိပ်ကနေတက်လာတဲ့သူမှန်သမျှကိုရီပြနှုတ်ဆက်ြပီးကျွန်မပါမပါ.ကြည့်တယ်ကျွန်မတက်မလာသေးဘူးဆိုရင်တော့ မျက်နှာငယ်လေးနဲ့ပေါ့အဲဒီအခါကျတော့ သနားစရာလေးပေါ့……
တခါကရုံးပိတ်ရက်တရက်မှာပေါ့သမီးလေးအိပ်နေတုန်း. ထားခဲ့ပြီးကျွန်မတို့ အပြင်ခဏသွားတာ..နိုးလာတဲ့ အချိန်မှာကျွန်မတို့ကို ဟိုကြည့်ဒီကြည့်နဲ့လိုက်ရှာတာတဲ့.အဲဒီအခါမှ သမီးကိုထိန်းတဲ့အဒေါ်ကြီးကသမီးအမေတို့မရှိဘူး.. အပြင်သွားတယ်ဆိုပြီး.အခန်းပေါင်းစုံတံခါးတွေဖွင့်ပြီးလိုက်ြပတော့မှ.ကျေနပ်သွားတာတဲ့..
သမီးလေးဟာ.တစ်ရက်ထက်တစ်ရက်..အရမ်းကို.လည်ဝယ်ပါးနပ်သိတတ်လာတယ်.သူရဲ့တတ်သိနားလည်မှုတွေကို ကြည့်ပြီး .ပျော်ရွင်ရယ်မောရတာလည်း.အရမ်းကြည်နူးဖို့ကောင်းပါတယ်..
သားသမီးဆိုတာအိမ်ရဲ့ တကယ့် ရတနာလေး..အိမ့်ဆည်းလည်းလေး.ပါဘဲလား…….
အိမ်ဆည်းလည်းလေး.ဘယ်လိုအသံမျိုးစုံ..ထွက်ပေါ်လာအုံးမလဲဆိုတာကို.ရင်ခုန်စွာနှင့်.စောင့်မျှော်လျက်…….
ချစ်မေမေ (သမီးလေးမွေးနေ့ (၆)လပြည့် အမှတ်တရ)
 (ဆက်လက်ဖော်ြပပါအုံးမည်)
 (ဆန်းစနေ၀န်း)