Thursday, August 9, 2012

မင်္ဂလာရှိသောနေ့

၂၀၁၂..ဇူလိုင်လ (၂၉)ရက် တနင်္ဂနွေနေ့လေးဟာ ကျွန်မတို့ မိသားစုအတွက် မင်္ဂလာရှိသောနေ့တစ်နေ့ ပါဘဲ
သမီးလေး (၁၁)လပြည့် နာမည်ပေး ကင်ပွန်းတပ် မွေးနေ့အတွက် ရည်ရွယ်ပြီး အိမ်မှာ ၀ါဆိုသင်္ကန်းကပ်အလှူလေးတစ်ခု လုပ်ဖြစ်ခဲ့တယ်...
သမီးလေးရဲ့ နာမည်က အိမြတ်ချယ်တဲ့
အိမ်နာမည်ကတော့ တုန်တုန်လေး (ခ) ဘေဘီစတုန်းပေါ့
 

မနက်(၄း၃၀)နာရီ အရုဏ်တက်ချိန်မှာ အေးမြရွှေပြည်ဘုန်းတော်ကြီးကျောင်းမှ ဘုန်းဘုန်း(၃)ပါးကို ပင့်ဖိတ်ပြီး ၀ါဆိုသင်္ကန်း လှူဒါန်းပြီး အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းတယ်...

ဘုန်းဘုန်းများကို ၀ါဆိုသင်္ကန်း..ဆေး..ဆန်..ပျားရည်..မုန့် စသည်တို့ကိုလှူဒါန်းတယ်...
 

ဘုန်းဘုန်းတို့မှ တရားတော်များ ချီးမြင့်ပြီး သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုအစုစုကို ရေစက်ချလှူဒါန်းတယ်..
 

အရုဏ်ဆွမ်းအတွက်ကတော့ကြက်သားပလာတာ..လက်ဘက်ရည်၊ကော်ဖီ..ကိတ်.အကြော်စုံ.လက်ဘက်သုတ်..
ညတရာမုန့်..သရက်သီး..စသည်တို့ကို ဆက်ကပ်တယ်...
သမီးလေးမွေးနေ့အတွက် ကုသိုလ်ကောင်းမှုလေးတစ်ခု ပြုလုပ်ပေးနိုင်လို့ အရမ်းကို ပီတိ ဖြစ်ရပါတယ်...

သမီးလေးကလည်း သူ့မွေးနေ့မို့လားမသိ.. မနက်အစောကြီးကတည်းက နိုးပြီး အသံလေးစာစာနဲ့အော်နေတော့တာဘဲ...
 
ဧည့်သည်တွေအတွက်လည်း ကြက်သားပလာတာ..ကော်ဖီ..ကိတ်..လက်ဘက်သုတ် နှင့် ဧည့်ခံဖို့ရန်အတွက် ပြင်ဆင်ထားတယ်...
ကြက်သားပလာတာ ဟင်းရည်အိုးတည်ရန် မီးမွှေးပြင်ဆင်နေတဲ့ သမီးလေး ဖေဖေပါ...

အန်တီမြင့်မြင့်ဝင်းကလည်း ပလာတာတွေ ပြင်ဆင်နေရင်းပေါ့...
 

ဧည့်သည်တွေရောက်တဲ့အချိန်မှာ သမီးလေးက မနက်အစောကြီးအိပ်ရာထရတဲ့အတွက် အိပ်ချင်နေပြီ...
 သမီးလေးရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ နိုးနိုးနှင့် ရှမ်းကလေး ကလည်း မွေးနေ့ပွဲကို အားပေးရင်းနဲ့ပေါ့...
 ကိုကိုကောင်းကောင်း.. ကိုကိုပူတူး..နှင့် မမယွန်းယွန်း တို့လည်း လာကြတယ်
မောင်လေး စစ်မင်းညိုရောပေါ့
 အန်တီမြင့်မြင့်ဝင်း..မမဘုတ်ဘုတ် နှင့် မမ၀င်းဆန်း တို့ကလည်းအပြိုင် လန်းနေကြတာပေါ့
မွေးနေ့ပွဲမှာ camera manလုပ်ပေးတဲ့ ကိုကို ဝေလင်းထွန်းကို ဓာတ်ပုံတွေထဲမှာ မပါပေမယ့် မီးလေးတုန်က ကျေးဇူးအထူးတင်ပါတယ်...
မေမေနှင့် မီးလေးတုန်လေး စကားတွေပြောနေကြတာ..
 မေမေ..အမေကြီး နှင့် မီးလေးတုန်
 ဖေဖေ..မေမေ..နှင့် မီးလေးတုန်
 ကစားစရာများကို စိတ်ဝင်စားနေသော  မီးလေးတုန်တုန် (ခ) ဘေဘီ စတုန်းလေး

 ဖေဖေ မေမေ တို့ရဲ့ မီးလေးတုန်လေးရေ...
မင်္ဂလာရှိသောမွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ရတဲ့ ဖေဖေ.. မေမေ.. ဖိုးဖိုး..ဖွားဖွား.. တို့နှင့်အတူ ဘ၀ခရီးလမ်းကို  ပျော်ရွင်အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုရင်း....
ချစ်မ၀တဲ့ ဖေဖေ...မေမေ
(ဆန်းစနေ၀န်း)  



8 comments:

  1. သမီးလေးတုန်တုန်ရဲ့မွေးနေ့ကို အန်တီjas လာရောက်ခဲ့ပါတယ်
    သမီးလေးမွေးနေ့မှ နောင်နှစ်ပေါင်းများစွာချစ်သောဖေဖေ မေမေနဲ့အတူ
    ပျော်ရွှင်ချမ်းမြေ့ပါစေလို့

    ReplyDelete
    Replies
    1. အန်တီ jas...ရေ
      တုန်လေးမွေးနေ့ကို လာလည်တဲ့အတွက်...ကျေးဇူးအများကြီးတင်ပါတယ်နော်

      Delete
  2. မီးလေး တုန်တုန် မွေးနေ့ကို အမဂျွန်မိုး လာလည်တယ်နော်..
    ချမ်းမြေ့ပါစေ...

    ReplyDelete
    Replies
    1. အမဂျွန်မိုးကိုလည်း so many thanks ပါနော်

      Delete
  3. လပြည့်ရိပ်August 9, 2012 at 3:01 AM

    ကလေးလေးက ချစ်စရာလေး ... ပုံတွေထဲမှာ ဧည့်သည်တွေတော်တော်များများမှာလည်း အရွယ်မတိမ်းမယိမ်း ကလေးလေးတွေနဲ့နှော်...

    ပုံ ..
    နောက်ကျကျန်ရစ်သူ ... ဟီးဟီးး

    ReplyDelete
    Replies
    1. နောက်မကျသေးပါဘူး သူငယ်ချင်းရေ...အမှီလိုက်လို့ ရသေးတယ်နော်...

      Delete
  4. ဘေဘီစတုန်းလေးရေ ပျော်ရွှင်သောမွေးနေ့မင်္ဂလာလေးပါ ။ ဘေဘီစတုန်းလေးက ချစ်စရာလေးနော် ။

    ReplyDelete
    Replies
    1. ဦးဦးလည်း အမြဲပျော်ရွှင်နိုင်ပါစေနော်...

      Delete