အမေ…….
“အင်္ဂီရဿ
ဥဏ္ဏာယ……ဒါထာဟိ သေတရံသိယော……………………” အစချီတဲ့ …..ဘုရားပင့်ဂါထာလေး..….
အိမ်နှင့်မလှမ်းမကမ်းမှာရှိတဲ့
ဘုန်းတော်ကြီးကျောင်းဘက်ဆီမှ လွင့်ပျံ့လာသော….ကျောင်းထိုင်ဘုန်းတော်ကြီး၏
ဘုရားစာရွတ်ဆိုသံ……
ဪ…..အမေ
မနက်တိုင်း အမြဲရွတ်ဖတ်နေကြ ဘုရားပင့်ဂါထာလေးပါလား……..
ဒီအသံလေးကို
ကြားရတဲ့ အခါ…..ကျွန်မရဲ့စိတ်ေတွဟာ…….ဟိုအရင်
အတိတ်ဘ၀တွေဆီ…..
လွင့်မျောသွားပါတယ်…..
ဟိုငယ်ငယ်
ကလေးဘဝကတည်းက…..နားထဲစွဲနေခဲ့တဲ့
အမေ့ အသံလေး……
နှစ်တွေ
ဘယ်လောက်ပင် ကြာညောင်းသွားပေမယ့် မြေပာင်းလဲတဲ့ အမေ့ရဲ့ တေးသံသာ……
အသက်အရွယ်အတော်လေးရလာလို့
တုန်ခါမှု အနည်းငယ်စွက်ပေမယ့် မြေပာင်းလဲခဲ့တဲ့
အမေ့ရဲ့ သံစဥ်တွေ……
ကျွန်မတို့ငယ်ငယ်….
ကလေးဘ၀က အမေ့အိမ်ကို…ြေပးြမင်မိတယ်…….အမေ့ရဲ့.တနေ့တာ….လှုပ်ရှားမှုလေးများကိုလည်း
ြပန်လည်ြမင်ယောင်် တမ်းတမိပါတယ်…..
နွေနွေ……မိုးမိုး…..ဆောင်းဆောင်း……မနက်လေးနာရီ….လင်းကြက်တွန်ြပီဆိုတာနဲ့…..အမေ
အိပ်ရာထပြီ…….
မျက်နှာသစ်သွားတိုက်ြပီးရင်တော့…..ယာတောဆင်းမယ့်….အဖေ့အတွက်လည်း….ထမင်းတောင်းထည့်ပေးဖို့….ြပင်ဆင်ပေးတယ်….တခါတရံ
ထမင်းကြမ်းမကျန်ခဲ့ရင်….ထင်းမီးဖိုလေးမွှေးြပီးထမင်းချက်တယ်…..
ြပီးရင်တော့
အမေ့ဘုရားကန်တော့သံကြားရပါြပီ……အမေက ငယ်ငယ်ကတည်းက ရပ်ကွက်ဓမ္မစကြာအသင်းမှာ
ဦးဆောင်ပါဝင်ရွတ်ဆိုခဲ့သူဆိုတော့…..အမေရဲ့ ဘုရားရှိခိုး ကန်တော့သံဟာ…..ကျွန်မတို့အတွက်တော့…အရုဏ်ဦးတေးသံသာတွေ……ြဖစ်ခဲ့ပါတယ်……
အဲဒီလို
ကလေးဘဝတလျှောက်လုံး….နံနက်တိုင်းခင်းတိုင်းမှာ
….အမေ့ရဲ့ဘုရားစာရွတ်ဆိုသံနှင့်
ရင်းနှီးခဲ့ရတယ်……
''သမီးတို့ရေ….ထကြတော့…..မိုးလင်းြပီ''
….
ဆိုပေမယ့် စောင်ခြုံထဲကမထဘဲ နေထွက်အောင်အိပ်ရေးနှပ်ခဲ့တာတွေ…….
ြပီးမှ
အိပ်မှုံစုံဖွားနဲ့ ထ….မျက်နှာသစ်ပြီး…..အမေအရန်သင့်ြပင်ဆင်ထားတဲ့
မနက်စာ (ပဲပြုတ်ထမင်းကြော် ဒါမှမဟုတ် ထမင်းဆီဆမ်းနှင့် အကြော်စုံ(ဘရာကြော်၊ ပဲကြော်
)၊ အမေ့ရဲ့ အညာငပိကြော်) တို့ဟာလည်း…..ကျွန်မတို့အတွက်….ဘယ်တော့မှ
မရိုးနိုင်တဲ့ … အစားအစာတွေပါဘဲ……
အခုအချိန်အထိ
…ကျွန်မတို့မောင်နှမတွေဟာ…အမေ့အိမ်မှ…ခွဲခွာခဲ့ရပေမယ့်…..အညာသူ/သားများပီပီ…..ပဲပြုတ်နှင့်
ငပိကြော်…ကို….နှစ်သက်ဆဲပါဘဲ……အမေ…..
သားအမိတစ်တွေ
…မနက်စာစားြပီးြပီဆိုရင်တော့
အမေဟာ…စျေးသွားတယ်…..
ကျွန်မတို့အိမ်နှင့်စျေးဟာ…..အသွားအပြန်
( 2 )မိုင်လောက်ရှိပေ့မယ့် ….အမေဟာ…စျေးခြင်းတောင်း
ခေါင်းပေါ်ရွက်လမ်းလျှောက်ြပီး နေ့တိုင်းစျေးဝယ်ထွက်လေ့ရှိတယ်….လတ်ဆတ်တဲ့
အစားအသောက်တွေကို ကျွေးမွေးချင်တဲ့ အမေ့ရဲ့ စေတနာတွေက…နေပူဒဏ်တွေကိုလည်းမမှုပါဘူး……
စျေးကပြန်လာရင်တော့…….မီးဖိုထဲမှာ…..ကျွန်မတို့ကြိုက်တတ်တဲ့…..အစားအစာတွေ
ချွေးတလုံးလုံးနှင့်…..ချက်ပြုတ်တော့တာပါဘဲ…….ကျွန်မတို့
အညာဒေသရဲ့ထုံးစံအတိုင်း အမေဟာ…ထမင်းဟင်းတွေကို…ထင်းမီးဖိုနဲ့ဘဲချက်တယ်…..အိုးမဲပေနေတဲ့
အမေ့မျက်နှာဟာ….ကျွန်မတို့အတွက်တော့ လှတစ်မျက်နှာပါဘဲ…
ဒီကြားထဲ….အဖေယာတောက…ပြန်လာရင်အမောြေပ….အဆာြေပ….စားစရာလေးကလည်း….အဆင်သင့်ပြင်ဆင်ထားလိုက်သေးတယ်……
နေ့လည်စာအတွက်……..ချက်ပြုတ်ြပင်ဆင်ြပီးရင်တော့….ရေချိုးအဝတ်လျှော်တော့တာဘဲ…ကျွန်မတို့အသက်တွေကြီးလာပေမယ့်လည်း….အမေဟာ…အခုအချိန်အထိ
…အဝတ်အစားတွေလျှော်ပေးနေတုန်းပါဘဲ……တော်သေးတာပေါ့…အိမ်မှာ
ေရတွင်းလေးရှိနေလို့…..ဟို အရင် ကျွန်မတို့ငယ်ငယ်ကပေါ့…အိမ်တွေမှာ
ရေတွင်းတွေက အခုခေတ်လို ပေါပေါများများမရှိသေးခင်တုန်းကဆိုရင်….ရွာထိပ်က.....ရေပုံးနဲ့ငင်ြပီးခပ်ရတဲ့ရေတွင်းမှာ…ရေသွားချိုး…အဝတ်လျှော်ရတယ်……အမေဘယ်လောက်ပင်ပန်းလိုက်မလဲ…….
နေ့လည်ပိုင်းဆိုရင်လည်း….အမေဟာ…အအားမနေပါဘူး……
ရပ်ကွက်….သာရေး…နာရေး…ကိစ္စတွေမှာ…အမေဟာ….ဦးဆောင်ပါဝင်ခဲ့သူပါ…..
ညပိုင်းမှာဆိုရင်တော.
ကျွန်မတို့ရပ်ကွက်ဘုရားမှာ…. ဓမ္မစကြာရွတ်ဝတ်ရွတ်အဖွဲ့နှင့်အတူ
…..ဝတ်ရွတ်…တရားထိုင်လိုက်သေးတယ်…….
အမေဟာ…ကျွန်မတို့
မိသားစုအတွက်တင်သာမက…..ကျွန်မတို့ရပ်ကွက်….ြမို့ရွာရဲ့
ပရဟိတလုပ်ငန်းတွေမှာ….Leader ပါဘဲ…….
အခုဆိုရင် ကျွန်မတို့တွေ အရွယ်ရောက်ြပီး အမေ့အိမ်လေးကထွက်ခွာလာတာ
(15)နှစ်တာကာလ ကျော်ြဖတ်ခဲ့ြပီ ……..
အမေ့
အသက်လည်း(70)ကျော်ခဲ့ပြီ……အမေ့ ရဲ့ ဆံပင်တွေလည်း…ဖြူနေပါြပီ….အမေ့ရဲ့သွားတွေလည်း
ကျိုးစပြုနေပါြပီ….ဒါပေမယ့် ကျွန်မတို့ အပေါ်မှာထားတဲ့
…….အမေ့မေတ္တာ
…
အမေ့စေတနာ…. အမေ့ရင်ခွင်ဟာ ….
အမြဲနွေးထွေးဆဲ…..လုံခြုံဆဲ........ရှင်သန်ဆဲ……နုပြိုဆဲ……
အမေဟာ….ကျွန်မတို့အတွက်တော့….ထာဝရပါအမေ………
အမေ့ပါးက သနပ်ခါးက….ထာဝရမွှေးကြူဆဲပါ……(ဖေဖော်ဝါရီ ၂၄.၂၀၁၂)
(ဆန်းစနေ၀န်း)