Friday, October 12, 2012

ရင်ထဲက ပုဂံ(၆)


ရွှေစည်းခုံစေတီ
ပုဂံပြည့်ရှင် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) တည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တြော်မတ်စေတီ (၄)ဆူထဲမှာ တစ်ဆူအပါအ၀င် ဖြစ်ပါတယ်.....
အနော်ရထာမင်းကြီးစတင်တည်ထားခဲ့သော စေတီတော်ကို ကျန်စစ်မင်းကြီး (အေဒီ ၁၀၈၄-၁၁၁၃)မှ အပြီးသတ်အောင် တည်ထားကိုးကွယ်ခဲ့ပါတယ်.....
စေတီတော်ကြီးအား အရှေ့မြောက်ထောင့်မှ ဖူးမြင်ရပုံ (၂၀၁၀၊ စက်တင်ဘာ)


ညောင်ဦးမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း ဧရာဝတီမြစ်ရဲ့ အရှေ.တောင်မြစ်ကမ်းပါး သဲသောင်ပြင်မှာ တည်ထားပါတယ်.....
ရွှေစည်းခုံစေတီတော်မြတ်အား ဝေဟင်မှ ဖူးမြော်ရပုံ(Google Map မှ ကူးယူပါသည်။)
ပုဂံဘုရားများရဲ့ အဆိုအရ "တန်ခိုးမှာ ရွှေစည်းခုံ" ဆိုတဲ့အတိုင်း စေတီတော်ကြီးမှာ တန်ခိုးတော်အနန္တနှင့်နဲ့ ထူးခြားပြည့်စုံပါတယ်.....
စေတီတော်ကြီးကို အဝေးကဖူးမြော်တဲ့ အခါ ကုန်းမြင့်ပေါ်တည်ထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ကျယ်ပြန့်တဲ့ သဲသောင်လွင်ပြင်မှာ တည်ထားပါတယ်.....
ပုဂံညောင်ဦးလမ်းမကြီးပေါ်မှ စေတီတော်ကြီးအားဖူးမြင်ရပုံ(၂၀၁၀၊ စက်တင်ဘာ)

အဆောက်အဦးအမျိုးအစားမှာ မြေစိုက်စေတီအမျိုးအစား(Stupa Type) ဖြစ်ပါတယ်.....
ရွှေစည်းခုံစေတီရဲ့ ဗိသုကာလက်ရာဟာ နှောင်းခေတ်စေတီတော်တွေရဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်....

စေတီတော်ကြီးဟာ စတုန်းရန်းပုံသဏ္ဍာန်ပနက်(Square Plan)ရှိပါတယ်....
အောက်ခြေအနားတဖက်စီဟာ ၁၆၀ ပေ စီရှည်လျားပါတယ်.....
ရွှေစည်းခုံစေတီတော် ပနက်ပုံ
(ဗိသုကာဌာန၊ရန်ကုန်နည်းပညာတက္ကသိုလ်(၁၉၇၄)တွင် တိုင်းတာရေးဆွဲသည်)
မြင်မားတဲ့ လေးထောင့်ပစ္စယံသုံးဆင့် (Three Square Terraces)မှာ စေတီတော်ကြီးကို ပိုမိုပြီး ခန့်ငြားထည်ဝါစေပါတယ်....စေတီတော်ကြီးမှာ စုစုပေါင်း ဥာဏ်တော် (Total Height) မှာ ၁၆၀ ပေ မြင့်မားပါတယ်.....
ရွှေစည်းခုံစေတီတော် ဘေးတိုက်မြင်ရပုံ
(ဗိသုကာဌာန၊ရန်ကုန်နည်းပညာတက္ကသိုလ်(၁၉၇၄)တွင် တိုင်းတာရေးဆွဲသည်)
ပစ္စယံတိုင်း၏ မျက်နှာစာလေးဘက်စလုံး အလယ်တွင် နတ်လှေခါးများ(Stairways)၊ မုခ်တန်ဆောင်းများ(Arches)၊ ထောင့်တိုင်းတွင်ထောင့်စေတီရံများ(Corner Stupas)၊
ထောင့်ကလသအိုးများ(Corner urns)၊ ထောင့်ခြင်္သေ့များ(Corner figures of twin-bodied Lion) နှင့် တန်ဆာဆင်ထားပါတယ်.....
ပစ္စယံများ၏ ပတ်ပတ်လည်တွင် ၅၅၀ဇာတ်နိပတ် (550 Jataka Plaques) သရုပ်ဖော်ထားသည့် စဥ့်ကွင်းရုပ်ချပ်များနှင့် အလှဆင်ခြယ်မှူန်းထားပါတယ်.....
ပစ္စယံများသုံးဆင့်လုံးမှာ ခိုနန်းကြိုးများ (Projections)နှင့် ပနံတင့်စွာ လှပနေပါတယ်.....
စေတီတော်ကြီးအား အရှေ့မြောက်ရင်ပြင်မှ ဖူးမြင်ရပုံ (၂၀၁၀၊ စက်တင်ဘာ)
လေးထောင့်ပစ္စယံသုံးဆင့်ရဲ့အထက်မှာ ရှစ်မြှောင့်ပစ္စယံ(Octagonal Terrace) တဆင့်၊ စက်ဝိုင်းပုံပစ္စယံ (Circular Terrace) တဆင့် စီပြီးလျင်ကြီးမားတဲ့ ခေါင်းလောင်းတော်ကြီး ( Bell-Shaped Dome) ကို ဘီလူးပန်းကိုက်(Ogres holding festoons in the mouths) ၊ ရင်ဖွဲ့စည်း(Belt)၊ စိန်တောင် (Dado)၊  ပန်းဆွဲများ (Friezes) နှင့်အတူ တင့်တယ်စွာ တန်ဆာဆင်ထားပါတယ်.....

စေတီတော်ကြီးအား အရှေ့မြောက်ရင်ပြင်မှ ဖူးမြင်ရပုံ (၂၀၁၀၊ စက်တင်ဘာ)
၎င်းတို့အထက်တွင် ဖောင်းရစ်(Conical Spire)၊ ငှက်ပျောဖူး(Banana Bud)၊ ထီးတော်(Umbrella or the crown) ၊ ငှက်မျက်နားတော်(the Vane)၊ စိန်ဖူးတော် (Diamond Bud)တို့နှင့် စေတီတော်အင်္ဂါရပ် များနှင့် ပြည့်စုံစွာ ပါရှိပါတယ်.....
စေတီတော်ကြီးအား တတိယပစ္စယံ နတ်လှေခါးမှ ဖူးမြင်ရပုံ (၂၀၁၀၊စက်တင်ဘာ)
စေတီတော်၏ ခေါင်းလောင်းတော်နှင့် အပေါ်ပိုင်းအား ဖူးမြင်ရပုံ (၂၀၁၀၊စက်တင်ဘာ)
၎င်းအပြင် စေတီတော် တတိယပစ္စယံမှကြည့်လျင် ပရ၀ုဏ်အတွင်းရှိ စေတီပုထိုး သိမ်ဇရပ် အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ရှုခင်းများကိုလည်း သာယာဖွယ် တွေ့မြင်ခံစားနိုင်ပါတယ်.....

အရှေ့ဘက်အာရုံခံတန်းဆောင်းနှင့် ပတ်ဝန်းကျင် စေတီပုထိုး သိမ်ဇရပ်များ (၂၀၁၀၊ စက်တင်ဘာ)
အရှေ့တောင်ဘက်ရှိ အလှူခံမဏ္ဍပ်နှင့် ပတ်ဝန်းကျင် စေတီပုထိုး သိမ်ဇရပ်များ (၂၀၁၀၊ စက်တင်ဘာ)
တတိယပစ္စယံမှ တွေ့မြင်နိုင်သာ တုရင်တောင်စွယ်တော်မြတ်စေတီတော် နှင့် နန်းမြင့်မျှော်စင်(၂၀၁၀၊ စက်တင်ဘာ)
တတိယပစ္စယံ စင်္ကြပတ်လမ်း (၂၀၁၀၊စက်တင်ဘာ)
အနောက်မြောင့်ထောင့်ရှိ သိမ်ဇရပ်များနှင့် အတူ နောက်ခံဧရာဝတီမြစ် (၂၀၁၀၊စက်တင်ဘာ)
 စေတီတော်ကြီးပရ၀ုဏ် အတွင်းတွင်လည်း  မြန်မာဗိသုကာလက်ရာများနှင့် တန်ဆာဆင်တည်ဆောက် ထားသော စေတီ ပုထိုး တန်ဆောင်း သိမ် ဇရပ်များစွားတို့ကိုလည်း အံ့မခန်းဖွယ် မြင်တွေ့နိုင်ပါတယ်.....

အရှေ့ဘက်ကြေးဂူတိုက်(၂၀၁၀၊စက်တင်ဘာ)
မြောက်ဘက်ကြေးဂူတိုက်အနီးရှိ ရှေးဟောင်းသစ်သားတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
ရပ်တော်မူတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
ရပ်တော်မူတန်ဆောင်းအတွင်း အလှဆင်ထားသော သစ်သားမျက်နှာကျက်(၂၀၁၀၊စက်တင်ဘာ)
လျောင်းတော်မူ အုတ်တန်းဆောင်း (၂၀၁၀၊စက်တင်ဘာ)
အလှူခံဌာန နှင့် ထီးတော်ဟောင်းပြခန်း(၂၀၁၀၊စက်တင်ဘာ)
တောင်ဘက်ကြေးဂူတိုက်အနီးရှိ ရုပ်စုံတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
ရုပ်စုံတန်ဆောင်းအတွင်းရှိ  သစ်သားပန်းပုလက်ရာများနှင့် မှန်စီရွှေချတိုင်ကြီးများ(၂၀၁၀၊စက်တင်ဘာ)
အနောင်တောင်ထောင့်ရှိ သူအိုသူနာတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
သူအိုသူနာတန်ဆောင်းအတွင်းရှိ ရုပ်ကြွများ(၂၀၁၀၊စက်တင်ဘာ)
တောင်ဘက်စောင်းတန်းအနီးရှိ စင်္ကြဦးဂူဘုရား(၂၀၁၀၊စက်တင်ဘာ)
အရှ့ပနက်သဲဂူဘုရား(၂၀၁၀၊စက်တင်ဘာ)
ရှင်ဥပဂုတ္တ အုတ်တန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
စေတီတော်ကြီး၏ ပုံရိပ်ကို ဖူးမြော်နိုင်သော ရေချိန်တွင်း(၂၀၁၀၊ စက်တင်ဘာ)


စေတီတော်ကြီး၏ ပထမဆွမ်းဦးသပိတ်များ (၂၀၁၀၊စက်တင်ဘာ)
ရင်ပြင်တော်ရှိ ခေါင်းလောင်းတန်းများ(၂၀၁၀၊စက်တင်ဘာ)

ရင်ပြင်တော်တစ်နေရာမှာ..(၂၀၁၀၊စက်တင်ဘာ)
တစ်နှစ်ပတ်လုံးပွင့်သည် အဆိုရှိသောပန်းခရေပင်(၂၀၁၀၊စက်တင်ဘာ)
မည်သို့ပင်ဆိုစေကာမူ.......
ေ၇ွှစည်းခုံစေတီတော်မြတ်ကြီးနှင့်တကွ ပရ၀ုဏ်အတွင်းရှိ စေတီပုထိုး တန်ဆောင်း သိမ်ဇရပ်အမျိုးမျိုးတို့၏
ဗိသုကာလက်ရာများမှ ဖော်ပြမကုန်နိုင်အောင်များပြားလှပါတယ်...

ခင်မင်ရသော မိတ်ဆွေများအနေနှင့် ပုဂံကို ရောက်လျင် ရွှေစည်းခုံစေတီတော်ကြီးကို သွားရောက်ဖူးမြော်ပြီး မြန်မာ့ဗိသုကာလက်ရာများကို လေ့လာခံစားလှည့်ကြပါလို့ ဖိတ်ခေါ်ရင်း.......

(*Project အတူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်)
(ဆန်းစနေ၀န်း)














4 comments:

  1. ပုဂံက ကျွန်တော်အကြိုက်ဆုံးမြို့ပဲအစ်မရဲ့။ ရွှေစည်းခုံစေတီတော်ကြီးကို ဦးခိုက်ကြည်ညိုသွားပါတယ်။

    ReplyDelete
    Replies
    1. အစ်မအတွက်လည်း ပုဂံက the most amazing ပါဘဲ...

      Delete
  2. ပုဂံတော့ ကမ္ဘာကျော်ပါပဲ
    တင်တဲ့နေ့ကလာကြည့်သေးတယ် ပိုစ့်မတက်လို့
    ခင်မင်တဲ့ sis jasmine

    ReplyDelete
    Replies
    1. Post အသစ်တင်တိုင်း အမြဲအားပေးတတ်တဲ့ အစ်မ jasmine ကို ကျေးကျေးအများကြီး...ပါလို့

      Delete