Wednesday, August 15, 2012

အိပ်မက်လေးကို အိပ်မက်လေးအဖြစ်


အိပ်မက်လေးတစ်ခု ရှိခဲ့ဖူးတယ်
ကလေးဘ၀ကတည်းကပေါ့
အိပ်မက်လေးကို
ရင်ခုန်ခဲ့ဖူးတယ်
ရူးသွပ်ခဲ့ဖူးတယ်
အရမ်း သဘောကျခဲ့ဖူးတယ်
တစ်နေ့ကျရင်  အိပ်မက်လေးအောင်မြင်အောင် ကြိုးစားမယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်
အိပ်မက်မက်ရင်း ဘ၀လမ်းကို တရွေ့တရွေ့နဲ့ လျှောက်လှမ်းခဲ့တယ်
လျှောက်ရင်း လျှောက်ရင်းနဲ့ပင်
ကိုယ်လျှောက်နေတဲ့လမ်းက အိပ်မက်လေးနဲ့ ဝေးကွာသွားတယ်
ဒီလိုနဲ့ဘဲ ဘ၀ခရီးကို ဆက်လျှောက်နေခဲ့တယ်
ဘ၀ဆိုတဲ့ ၀ဲဂယက်ထဲမှာ အိပ်မက်လေးက ငုတ်ချည် ပေါ်ချည်ပေါ့
ဒါပေမယ့်
ဆန္ဒရှိရင် အောင်မြင်တယ် ဆိုတဲ့အတိုင်းပါဘဲ
ကိုယ်တစ်ချိန်က မက်ခဲ့တဲ့ အိပ်မက်လေး အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိလာခဲ့တယ်
တဒင်္ဂအတွင်း
အရမ်းပျော်ရွင်သွားတာပေါ့
ကိုယ်ကိုယ်တိုင်ကလည်း အဲဒီအိပ်မက်ပန်းပင်လေးကို အသီးအပွင့် ဝေေ၀ဆာဆာနဲ့ လှလှပပ ဖူးပွင့်အောင် စိုက်ပျိုးရတော့မယ်ဆိုပြီးပေါ့
သို့ပေမယ့်လည်း
ပစ္စုပ္ပန်ကို စဉ်းစားလိုက်တဲ့အခါ
မဖြစ်နိုင်တော့ပါဘူး
ကိုယ့်မှာ ငဲ့ညှာစရာတွေ ရှိနေပြီလေ
တဖက်က ကိုယ်အတ္တ နှင့် တဖက်က ကိုယ့်အသိုက်အမြုံ
စိတ်ကူးယဉ်ဘ၀နှင့် လက်တွေ့ဘဝ
ဆန္ဒ နှင့် မေတ္တာ
အားအပြိုင်ဆွဲကျတဲ့အခါ
အိပ်မက်ကလေး
လန့်နိုးသွားလေရဲ့

(အိပ်မက်လေးကို အိပ်မက်လေး အဖြစ်နဲ့တော့ ဆက်မက်နေအုံးမှာပါဘဲ)
(ဆန်စနေ၀န်း)








2 comments:

  1. အိပ်မက်လေးဆက်မက်နိုင်ပါစေဗျာ ။

    ReplyDelete
  2. ပစ္စုပ္ပန်ကို စဉ်းစားလိုက်တဲ့အခါ
    မဖြစ်နိုင်တော့ပါဘူး
    ကိုယ့်မှာ ငဲ့ညှာစရာတွေ ရှိနေပြီလေ
    တဖက်က ကိုယ်အတ္တ နှင့် တဖက်က ကိုယ့်အသိုက်အမြုံ
    စိတ်ကူးယဉ်ဘ၀နှင့် လက်တွေ့ဘဝ
    ဆန္ဒ နှင့် မေတ္တာ
    အားအပြိုင်ဆွဲကျတဲ့အခါ
    အိပ်မက်ကလေး
    လန့်နိုးသွားလေရဲ့------
    ထပ်တူပါပဲရှင်

    ReplyDelete