Friday, July 27, 2012

ရင်ထဲက ပုဂံ(၄)

ပုဂံရဲ့ ချစ်စရာ တေးသံလေးတွေပါ.....
လေအဝှေ့မှာ လွင့်ပျံ့နေတဲ့ ကြေးစည်လေးတွေ မောင်းလေးတွေ ခေါင်းလောင်းလေးတွေရဲ့ သီကျူးတေးဖွဲ့သံတွေပါ....


ထီးလိုမင်းလိုမင်းဘုရားရင်ပြင်မှ ဈေးသည်လေးတွေရဲ့ ဈေးရောင်းချတဲ့ အနုပညာလေးတွေပါ....

 

၂၀၁၀ စက်တင်ဘာလက အမှတ်တရ ရိုက်ချက်များပါ...
ပုဂံကို ပြန်လည်အမှတ်ရလွမ်းဆွတ်နိုင်ပါစေ.....
(ဆန်းစနေ၀န်း)

8 comments:

  1. ငယ်ငယ်တုန်းက ရောက်ဖူးခဲ့တယ် ၂ ခါတောင် ငယ်လွန်းတော့လဲ
    အားလုံးကိုမမှတ်မိဘူး သွားချင်တယ် တခါတခေါက်လောက်တော့
    အမျိုးသားကမရောက်ဖူးသေးလို့သူ့ကိုလဲရောက်စေချင်တယ်
    ဗူးဘုရားကိုသွားပြီး နေ၀င်တာလေးကိုဖေဖေနဲ့အတူကြည့်တာတော့
    မှတ်မိတယ် အောက်ကိုဆင်းလိုက်ရင် အရမ်းကိုသာယာလှပတဲ့
    ဧရာဝတီကိုလဲတ၀ကြီးခံစားလို့ရတယ်နော်

    ReplyDelete
    Replies
    1. မစံပယ်ရေ...
      လာလည်ဖို့ ဖိတ်ခေါ်ပါတယ်...လိုက်ပို့ပေးမယ်...
      ဟုတ်တယ် ဗူးဘုရားရဲ့ နေ၀င်ဆည်းဆာက ဧရာဝတီမြစ်ကြီးရယ်..တန့်ကြည့်တောင်တန်းကြီးရယ်..တန့်ကြည့်တောင်စွယ်တော်မြတ်စေတီတော်ရယ်..အရမ်းကိုပနံတင့်လှတယ်..
      အာရုဏ်ဦးအလှနှင့် ဆည်းဆာအလှနှင့် ပုဂံရဲ့ အလှတွေကို တနေရာတည်းကခံစားချင်ရင်တော့ ရွှေဆံတော်စေတီပစ္စယံတွေပေါ်ကကြည့်ရင် အလှဆုံးရှုခင်းတွေကို ခံစားနိုင်ပါတယ်.....

      Delete
  2. လိုက်ပို့ပေးမယ်ဆိုလို့ကျေးဇူးပါရှင်
    တခါတခေါက်တော့ လာဖြစ်အောင်လာပါ့မယ်

    ReplyDelete
  3. မြန်မာပြည်မှာ ပုဂံမြို့ကို အကြိုက်ဆုံးပဲ..
    စေတီပုထိုးတွေ..
    ပုဂံမြို့သူ မြို့သားတွေရဲ့ရိုးသားဖော်ရွေမှု..
    မြန်မာ့အနှစ်သာရကို ပြတာ ပုဂံ..

    ReplyDelete
  4. နတ်သမီး...ပြောသလိုပါဘဲ..
    တို့လည်း ပုဂံကို ချစ်တယ်...
    ခဏခဏရောက်လည်း မရိုးနိုင်ပါဘူး...
    မြန်မာ့ယဉ်ကျေးမှု အနုပညာဗိသုကာလက်ရာတို့ စုဝေးရာပါ...
    မြန်မာတို့ရဲံ ဂုဏ်ယူစရာနေရာတစ်ခုပါ...

    ReplyDelete
  5. ပုဂံမှာစက်ဘီးတစ်စီး ၊ကင်မရာတစ်လုံးနဲ့လျှောက်လည်ချင်တာ။ အခုထိအဲတာအကောင်အထည်မပေါ်သေးဘူး။ ကားနဲ့လည်ရတာ သိပ်မကောင်းဘူး။

    ReplyDelete
    Replies
    1. ဟုတ်တယ်..ရိုးမြေကျ ရေ
      ပုဂံမှာ စက်ဘီးနှင့် လျှောက်လည်ရတာ အကြိုက်ဆုံးဘဲ
      အရမ်းလွတ်လပ်ပြီး ပျော်စရာကောင်းတယ်
      ပုဂံဘုရားတွေနှင့် ရှုခင်းတွေကို ဓာတ်ပုံတွေရိုက်လိုက်..ပုံကြမ်းတွေဆွဲလိုက်နဲ့ပေါ့
      ထနောင်းပင်ရိပ်ထိုင်ရတဲ့ အရသာကလည်း ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး

      Delete
  6. Casino at El Cortez - MapyRO
    El Cortez 울산광역 출장마사지 Hotel & Casino. 서귀포 출장샵 3416 안동 출장안마 S El Cortez Rd El Cortez, CA 95245. Map, Hotel Address, Reviews. 구미 출장안마 Phone number. Map. El Cortez Hotel & 김천 출장마사지 Casino

    ReplyDelete