Wednesday, July 11, 2012

သူရဲ့လက်ရာ

ဇူလိုင်(၃)ရက်နေ့ကပေါ့.....
အဲဒီနေ့က သမီးလေး သိပ်ပြီးနေမကောင်းတာနဲ့ ကျွန်မရုံးက ခွင့်ယူတယ်.....
သမီးလေး ဖေဖေကလည်း အလုပ်အပြောင်းအလဲကြောင့် ရုံးမတက်ရသေးဘဲ အိမ်မှာရှိနေတာပေါ့.....
မိသားစု စုံစုံညီညီ အိမ်မှာရှိနေတာနဲ့ သမီးလေးဖေဖေက သူ မုန့်လုပ်ကျွေးမယ် ဆိုပြီး ပြောတယ်.....
သမီးလေးဖေဖေက အစားအသောက် အချက်အပြုတ်ကို ကျွန်မထက်ပိုပြီး စိတ်ဝင်စားတယ်.....
ကျွန်မကတော့ သာမန်အနေအထားလောက်ဘဲ ချက်တတ်ပြုတ်ပြီး သိပ်အဆန်းထွင်ပြီ ချက်ပြုတ်ဖို့ ၀ါသနာ မပါဘူးလေ....သူကတော့ အလုပ်အားရင် အားသလို စိတ်ရှည်ရှည်နဲ့ ချက်ပြုတ်တတ်တယ်....
အခုလည်း သူက မုန့်လုပ်မယ်ဆိုတော့ ကျွန်မက ဘာမုန့်လဲ ဆိုပြီး စိတ်ဝင်တစားနဲ့ပေါ့..... 
သူက ကြည့်နေ....ပြီးမှ ပြောမယ်ဆိုပြီး သူ့ရဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းစဉ် စတင်တာပေါ့.....
ကောက်ညှင်းဆန်မုန့် နို့ဆီဗူး တ၀က်လောက် ရယ်
ကြက်ဥ ၁လုံး ရယ်
နို့ဆီအနည်းငယ်  
သကြားအနည်းငယ် 
ဆား အနည်းငယ်ရယ်ကို ရေနဲ့ သမအောင်ရောနယ်တာပေါ့.....
(ဘာတွေလည်းတော့မသိဘူး...အိမ်မှာရှိတာတွေဘဲ အကုန်ထည့်တာပေါ့)
စိတ်တိုင်းကျ သမအောင်နယ်ပြီးတဲ့အခါ ပုဂံထဲကို ပြောင်းထည့်ပြီး ပေါင်းအိုးထဲတည့်ပြီး ပေါင်းတာပေါ့ .....
ပေါင်းအိုးထဲရေနွေးဆူပွက်ပြီးတော့ မုန့်နှစ်တွေဟာ တဖြည်းဖြည်းတင်းလာတယ်.....
အနည်းဆုံး (၁)နာရီလောက် ပေါင်းလိုက်တဲ့အခါ အဆင်သင့်စားလို့ရတဲ့ အနေအထားရတာပေါ့.....
ပြီးတော့ ကျွန်မတို့ မုန့်ကို အမည်တတ်လို့ရအောင် မြည်းဆမ်းကြည့်ကြတယ်.....
အင်း...ထိုးမုန့်နဲ့တော့ ခပ်ဆင်ဆင်ပါဘဲ....အရသာလေးကတော့ မဆိုးပါဘူး..... 
မိသားစုတွေ ၀ိုင်းဖွဲ့စားကြတယ်.....
ဟဲဟဲ ...ကောင်းတယ်ဘဲပြောရမှာပေါ့လေ....
ဟုတ်တယ်...ဘာဘဲပြောပြော သူရဲ့ လက်ရာ ထိုးမုန့်လေးကို သူငယ်ချင်းတွေကြွားဖို့ မနက်ဖြန်ရုံးထည့်သွားရမယ်.....
ဟင်း..ကိုယ်ကအားခဲထားပြီး သူငယ်ချင်းတွေ ကြွားပါမယ်ဆိုမှ အဲဒီနေ့မှာ ဒီကောင်တွေက  ခွင့်ယူထားကြတယ်.....
ကိုယ်ကိုတိုင်ဘဲ အပြတ်ကြိတ်လိုက်တော့တယ်.....
ထိုးမုန့်
 စားကြပါအုံးနော်.......
(ဆန်းစနေ၀န်း)

4 comments:

  1. ဒီနည်းအတိုင်း မဒမ်လွင်ပြင်ကို လုပ်ကျွေးအုံးပဲ
    ကျေးဇူးပါ။

    ReplyDelete
  2. သုံးဆောင်ခဲ့ပါတယ်ရှင်

    ReplyDelete
  3. လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်.....

    ReplyDelete
  4. ကောင်းမယ့်ပုံလေး ... မြစ်ဝကျွန်းပေါ်သားတွေ ဟင်းချက်ကောင်းတယ် ဟုတ် ... :)

    ReplyDelete