Friday, July 6, 2012

သမီးလေးအတွက် ဆုတောင်း


သမီးလေးအတွက် ဆုတောင်း.......
ဒီရက်ပိုင်းမှာ တုတ်ကွေးရာသီဖြစ်တာကြောင့် သမီးလေးလည်း သုံးလေးရက်လောက်ဖျားတယ်.....
အဖျားကြောင့် နဂို ၀တုတ်တုတ် ကောက်ညှင်းစိုင်းထုပ်ကလေး အားတော်တော်ပျော့သွားတယ်
အဖျားသက်သာပေမယ့်လည်း ချောင်းဆိုးကျန်နေသေးတာကြောင့် ကျွေးသမျှအစားအစာတွေကို
ချောင်းဆိုးရင်းနဲ့ အန်အန်နေတာကြောင့် ပျော့ခွေခွေလေးဖြစ်နေတောပေါ့.....
ဟိုအရင်ရက်တွေကဆို မနက်အစောကြီးနိုးထပြီး တီတီတာတာစကားတွေပြော အိပ်ရာထဲ ဗြောင်းဆန်အောင်လှိမ့်လှိမ့်ပြီးဆော့တဲ့ သမီးလေးဟာ အခုရက်ပိုင်းမှာ ရွှင်ရွှင်လန်းလန်းမရှိဘဲ အမေ့ရင်ခွင်မှာဘဲ မှိန်းနေချင်တယ်.....
သမီးလေးဖျားပြီး မရွှင်လန်းတော့ မေမေတို့လည်း မပျော်ရွှင်ဘူး...
သမီးလေးကို အိမ်မှာထားခဲ့ပြီး ရုံးတက်ရတဲ့အခါ နောက်ဆန်တင်းပြီး ဘာအလုပ်မှ လုပ်လို့မရဘဲ သမီးအတွက် စိတ်မချဘဲဖြစ်နေမိတယ်.....


သမီးလေး မြန်မြန်နေကောင်းကျန်းမာပါစေလို့ မေမေဆန္ဒပြုလျက်.....ချစ်တဲ့ မေမေ
(ဆန်းစနေ၀န်း)

1 comment:

  1. မိဘမေတ္တာပေါ့လေ။မြန်မြန်နေကောင်းပါစေလို့ဆုတောင်းပေးပါတယ်။လင့်ယူသွားတယ်နော်

    ReplyDelete