Thursday, June 21, 2012

ချောင်းကလေး

ချောင်းကလေး...
ရုံးအသွားအပြန်တိုင်းမှာ သည်ချောင်းကူးတံတားလေးပေါ်မှ ရုံးFerry အမြဲဖြတ်နေကြပါဘဲ.....
အသွားမှာ သည်ချောင်းလေးကို သတိမထားမိပေမယ့် အိမ်ပြန်ချိန်တိုင်း သည်ချောင်းလေးကို အမြဲသတိထားမိတယ်.....
ကြည့်ရတာ အရမ်းစိတ်ချမ်းမြေ့ဖို့ကောင်းတယ်.....
ချောင်းလေးက လျှိုမြောင် တောင်ကုန်းတွေကြား ကွေ့ဝိုက်စီးဆင်းနေတာ.....
ချောင်းလေးရဲ့ ကမ်းနံဘေးမှာ ရာသီအလိုက်သီးပင် စားပင်လေးတွေကို စနစ်တကျ အကွက်ဖော် စင်လေးတွေထိုးပြီး စိုက်ပျိုးထားတယ်.....
ပြီးတော့ စိုက်ခင်းတွေရဲ့ အကြားမှာတော့ တဲအိမ်လေးတစ်လုံးလည်းရှိတယ်.....
ညနေရုံးဆင်းချိန်တိုင်း ကားပေါ်မှ လှမ်းမျှော်ကြည့်လိုက်လျင် စိုက်ခင်းမှ လူတချို့ဟာ သီးပင်စားပင်များ အကြား ရေလောင်း ပေါင်းသင်  မြက်နှုတ်နေကြတဲ့ မြင်ကွင်းလေးကလည်း စိတ်ကြည်နူးစရာပါ.....
သူတို့ဘ၀လေး ကြည့်ရတာ အရမ်းကို အေးချမ်းလိုက်တာ.....
ဘ၀အပူအပင်တွေ ကင်းပြီး  အေးချမ်းရောင့်ရဲတဲ့ ဘ၀လေးတွေပါ.....
စက္ကန့်ပိုင်းလောက်သာ ဒီချောင်းကူးတံတားလေးပေါ်က ဖြတ်သွားရပေမယ့် ဒီမြင်ကွင်းလေးကပေးတဲ့ စိတ်ကြည်နူးချမ်းမြေ့မှုကတော့ မမေ့နိုင်စရာပါ.....
သည်ချောင်းကလေးကတော့ ငလိုက်ချောင်း လေးပါဘဲ.....
(ဆန်းစနေ၀န်း)

2 comments:

  1. ချောင်းကလေးရေ...
    အခုဆိုရင် မင်းနံဘေးမှာ ရာသီသီးနှံစိုက်ခင်းတွေ စိမ်းစိုဝန်းရံလှပနေတာပေါ့...
    မင်းကတော့ အရင်အတိုင်း လှပစွာ စီးဆင်းမြဲပါဘဲ...

    ReplyDelete
  2. ချောင်းကလေးရေ...အခုဆို မင်းနဲ့ဝေးနေတာ....၆ လ လောက်ရှိပြီ....မင်းရဲ့ အလှအပတွေကို ခံစားချင်လိုက်တာ

    ReplyDelete