သားရေ ရတု အမှတ်တရ........
ဘ၀ရဲ့ စေညွှန်းရာ
ရင်ဆိုင်ကာ ပျံသန်းရင်း
ကံကြမ္မာရဲ့ ထုဆစ်ချက်
တွဲလက်တွေ ခိုင်မြဲရင်း
တေးသီကျူးတဲ့ နံနက်ခင်းတွေ
အဖော်မဲ့စွာ ခံစားရင်း
လွမ်းမောဖွယ် ညနေခင်းတွေ
အထီးကျန်စွာ ဖြတ်သန်းရင်း
ပျော်ရွှင်ဖွယ် အတိတ်ပုံရိပ်တွေ
ယစ်မူးစွာ တမ်းတရင်း
ငြိမ်းချမ်းဖွယ် မိသားစုကမ္ဘာလေးဆီသို့
ရင်ခုန်စွာ မှန်းဆရင်း
အလှဆုံးအပြုံးလေးများ
နှလုံးသားမှာ ပန်ဆင်ရင်း
အလွမ်းများစွာနှင့် သားရေရတုမှသည်
အေးချမ်းပျော်ရွှင်ဖွယ်
ရတုအဆက်ဆက်ဆီသို့
လှမ်းလို့ရွယ်ချီ
***********
(ဆန်းစနေ၀န်း)
သုံးထားတဲ့စာသားလေးတွေအရမ်းလှတယ်
ReplyDeletema jas ...thanks for comment!
Deleteနောက်ဆုံးတင်ထားတဲ့ကဗျာကဖတ်မရဘူး ဖောင့်မတူလို့များလားမသိပါဘူး
ReplyDelete