Saturday, July 13, 2013

ခွင့်ပန်လွှာ

နှလုံးသားလေးတစ်ခု 
သန္ဓေတည်ခဲ့တယ်.....

သူ့အတွက် ခံစား
သူ့အတွက် ဖန်တီး
သူ့အတွက် ရင်ခုန်
သူ့ရဲ့အလှ သူ့ရသတွေ တသသခံစားရင်း.....

သံယောဇဉ် နှောင်ချည်
မြတ်နိုးမှုတွေ အရစ်တိုး
ပီတိတွေ လွှမ်းခြုံ
ရင်ခုန်တမ်းချင်း များစွာနဲ့.....

သူဟာ ကိုယ့်ဘ၀ရဲ့ ရင်ဖွင့်နားခိုရာ
သူဟာ ကိုယ့်ဘ၀ရဲ့ မှတ်တိုင်
သူဟာ ကိုယ့်ဘ၀ရဲ့ ကြေးမုံ
သူဟာ ကိုယ့်ဘ၀ရဲ့ အနုပညာ.....

သို့ပေမယ့်လည်း.....
အလုပ်ရေး လူမှုရေး
အိမ်မှု အရေး ရောယှက်ကာသန်း
စိတ်ဝယ်မှန်းပေမယ့်
သူ့ထံ မခစားနိုင်တာ ရက်လတာရှည် ကြာချေပြီ.....

ထို့ကြောင့်.....
နှလုံးသားလေးထံ ခွင့်ပန်လွှာလေး ဆက်သချင်ပါသည်.....

(ကိုယ့်ဘ၀ရှင်သန်နေသမျှ နှလုံးသားလေးကိုလည်း လှပစွာ ရှင်သန်ထုဆစ်နေအုံးမှာပါ)
(ဆန်းစနေ၀န်း)





No comments:

Post a Comment