ဗူးလည်သီးစေတီရဲ့ ဗိသုကာလက်ရာ
ဗူးလည်သီးစေတီဟာ ပုဂံမှ ညောင်ဦးသို့အသွား အနော်ရထာလမ်းမကြီး ညာဘက်ခြမ်း မလှမ်းမကမ်းမှာ တည်ရှိတယ်.....အလိုတော်ပြည့်ဂူဘုရားနဲ့လည်း အလှမ်းမဝေးလှပါဘူး.....
 |
Google Map မှကူးယူထားပါသည် |
ဗူးလည်သီးစေတီဟာ စတုရန်းပုံစံ ပန္နက်ပုံ (Square Plan) ရှိတယ်.....မြင့်မားတဲ့ လေးထောင့်ပစ္စယံ ( High Square Terrace) သုံးဆင့်က စေတီတော်ကို အထင်ကရ ဖြစ်စေတယ်.....
ဥာဏ်တော်ပေ(၁၀၀)ကျော်မြင့်မားပါတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
ပစ္စယံများပေါ်သို့ လေးဘက်လေးတန်မှ တက်နိုင်တဲ့ လှေခါး(Stairway) (၄)ဆင်းရှိတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
ပစ္စယံတိုင်းရဲ့ ထောင့်တိုင်မှာ ထောင့်စေတီ (Corner Stupa)များနဲ့ စေတီတော်ရဲ့အလှ ကို တင့်တယ်စေတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
စေတီတော်ရဲ. ကိုယ်ထည် (Anda)ဟာ ပုဂံမှာတည်ထားတဲ့ အခြားစေတီများနှင့် မတူပါဘူး.....ပုဂံမှာ တော်တော်ရှားရှားပါးပါးတွေ.ရခဲတဲ့ လုံးဝန်းတဲ့ ကိုယ်ထည်(bulbous Dome) ပါ.....ပုဂံမြို.ဟောင်းမှာရှိတဲ့ ပုထိုးသားများပုထိုးနှင့် ပုံစံတူပါတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
ကိုယ်ထည်ကို နဂါးရုပ်များနှင့်တန်ဆာဆင်ထားတဲ့ အင်္ဂတေပန်းများနှင့် အကန့် (၁၀)ကန့်ခွဲထားပြီး အမြင်ရသကို ဆွဲဆောင်ထားပါတယ်.....အခုအချိန်မှာတော့ ရာသီဥတုဒဏ်ကြောင့် ရှေးမူလက်ရာ အင်္ဂတေပန်း အနည်းငယ်သာကျန်ရှိပါတော့တယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးသွားသည်များကို အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ ဖောင်းရစ် (Ringed Conical Spire)..ကြာမှောက်(Down-turned Lotus Petal).. ရွဲ(Bow) ကြာလန်(Up-turned Lotus Petal)နှင့်ထီးတော် (Umbrella)ဖြစ်ပါတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
ဗူးလည်သီးစေတီမှ...အလိုတော်ပြည့်ဂူဘုရား...စဥ့်ပုထိုး နှင့် ပတ်ဝန်းကျင် စေတီပုထိုးများကိုလည်း ဖူးမြော်နိုင်ပါတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
အနောက်ဘက်ယွန်းယွန်းသို့ လှမ်းမြော်ကြည့်လိုက်လျင် အာနန္ဒာဂူဘုရား..သဗညုဂူဘုရား.. ကန်တော့ပလ္လင်ဂူဘုရားနှင့် တန့်ကြည့်တောင် အလှများလည်း ခံစားနိုင်ပါတယ်.....
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
ပြီးတော့ အနောက်တောင်ဘက်တွင် မင်္ဂလာစေတီ..ရွှေဆံတော်စေတီ..နှင့် ပုဂံမြင်ကွင်းများကို တ၀ကြီးခံစားနိုင်ပါတယ်.......
 |
(၂၀၀၇) Measure Drawing တွင် မှတ်တမ်းတင်ထားပါသည် |
|
|
|
ဗူးလည်သီးစေတီရဲ. ပစ္စယံများပေါ်မှ Sun Rise နှင့် Sun set အလှများကိုလည်း ရင်သတ်ရှုမောဖွယ် တွေ.မြင်နိုင်ပါသေးတယ်......
 |
(၂၀၀၈)Sun Rise မြင်ကွင်း |
ပုဂံရောက်ရင် ဗူးလည်သီးစေတီ ကိုတော့ တစ်ခေါက်လောက်အရောက်သွားစေချင်ပါတယ်........
(ဆန်းစနေ၀န်း)
No comments:
Post a Comment