သမီိးလေးအတွက် မေမေ့မှတ်တမ်း (၁)
ချစ်ရတဲ့ မေမေ့သမီးလေး…..
သမီးလေးကို…(၂၀၁၁)ခုနှစ် သြဂုတ်လ(၂၈)ရက် တနင်္ဂနွေနေ့ မနက်(၀၀း၁၇)နာရီမှာ
မွေးဖွားတယ်……..
ြမန်မာလိုဆိုရင်တော့ (၁၃၇၃)ခု၊ ဝါခေါင်လကွယ်နေ့ပေါ့……..
သမီးလေးဟာ….အရမ်းလိမ္မာတယ်……..သမီလေးကိုကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းကလည်း….မေမေ့မှာ…ဘယ်လိုဒုက္ခ…ဆင်းရဲပင်ပန်းမှုမှ..မခံစားခဲ့ရဘူး…. ‘ယောကျ်ားဖောင်စီး….မိန်းမမီးနေ’ ....ဆိုတဲ့………စကားရှိပေမယ့်လည်း…. သမီးလေးကို….လွယ်လွယ်ကူကူချောချောမွေ့မွေ့…မွေးဖွားနိုင်ခဲ့တယ်……
သမီးလေးကို…….ကျန်းကျန်းမာမာရှိအောင် သူ့ဖွားဖွား(ကျွန်မအမေ)က…….. Baby Stone လို့…အိမ်နာမည် ပေးထားတယ်…နာမည်ကြောင့်လားတော့ မသိဘူး…….သမီးလေးဟာ…အရမ်းကျန်းမာတယ်…..အရမ်းသန်မာတယ်…… …အသားလေးတွေကျစ်ြပီး…..မာနေတယ်…သမီးလေးလက်ကလေးတွေဟာ….ကောက်ညင်းဆိုင်းထုပ်လေးနှင့်တူတယ်လို့…သူ့အဖေက …..အမြဲြေပာတယ်… မိတ်ဆွေ…သူငယ်ချင်းတွေကြေပာကြတယ်… သမီးလေးဟာ…… သူ့အဖေနှင့်တူတယ်တဲ့
သမီးလေးရဲ့…ဖောင်းြပည့်နေတဲ့…လက်ဖဝါး.ခြေဖဝါးသေးသေးလေးတွေဟာ…..အရမ်းချစ်ဖို့ကောင်းတယ်…..သမီးလေးရဲ့မျက်လုံလေးနှင့်နှုတ်ခမ်းလေးဟာ…..သူအဖေနဲ့တူတယ်…တော်သေးတာပေါ့…ကျွန်မနဲ့တူလျင်….နှုတ်ခမ်းထော်လေး…..မွေးမှာလို့…..သူ့အဖေက……ချစ်စနိုးနဲ့ စလေ့ရှိတယ်……….ကျွန်မနဲ့တူလို့ လှတဲ့အရာလေးကတော့ …..မျက်တောင် ကော့ကော့လေးတွေကို….ပိုင်ဆိုင်ထားြခင်းြဖစ်တယ်……. မျက်ခုံးထူထူလေးကတော……ကျွန်မတို့နှစ်ယောက်နဲ့တူတယ်…. ကျွန်မတို့နှစ်ယောက်ထက်တော့…အသားပိုဖြူတယ်….ကျွန်မတို့နှစ်ယောက်လုံးက…အသားညိုတဲ့အထဲမှာပါတယ်လေ…… ြပီးတော့ကျွန်မတို့ထက်ပိုြပီးလှတာလေးတစ်ခုက…..ပါးချိုင့်လေးနှစ်ဖက်ပါတယ်……သမီးလေးဟာ…..ဆံပင်တော့မကောင်းရှာဘူး……မွေးကတည်းက…….ဆံပင်ကျိုးတို့ကျဲတဲလေးနဲ့…အခုတော…..ကတုံးတုံးထားတယ်…
သမီးေလးအသက်(၁)လခွဲလောက်အရွယ်ကတည်းက….ပက်လက်ကလေးချထားရင်…..ြေခထောက်ကလေးေတွက……အငြိမ်မေနေတာ့ပေ…..ဖနောင့်လေးနဲ့အိပ်ယာပေါ်….တဒုန်းဒုန်း…ပေါက်တတ်နေပြီ……ဟိုဘက်ဒီဘက်စောင်းချင်နေပြီ……..ဝမ်းလျားမှောက်ဖို့….ကြိုးစားနေပေမယ့်….သူ့ခေါင်းလေးကို…မထိန်းနိုင်ရှာသေးဘူး……
သမီေလးအသက်(၃)လ(၃)ပတ်…ဒီဇင်ဘာ..(၂၁)ရက်နေ့မှာတော့…..ညာဘက်စောင်းရာက…စပြီးမှောက်တတ်တော့တာဘဲ……..သမီးလေးဟာ…..မှောက်တတ်ြပီဆိုတာနဲ့….ပက်လက်လေးထားရင်…….ဘယ်တော့မှ….ငြိမ်ငြိမ်မနေတော့ဘဲ……မှောက်မှောက်ပစ်တာပါဘဲ……သူဟာ…ညာဘက်ကို…အားသန်တဲ့အတွက်….ညာဘက်ပဲစောင်းစောင်းြပီးမှောက်တယ်………
သမီးလေး(၄)လပြည့်ပြီးတဲ့အချိန်မှာတော့…..အာဟာရမှုန့်စကျွေးပါြပီ…….ကျွန်မကလည်းရုံးတက်ရတော့မယ်ဆိုတော့ နို့မှုန့်သောက်ရုံနဲ့…မလုံလောက်တော့ဘူးလေ…..ြပီးတော့…သမီးကနို့မှုန့်..နို့ဗူးကိုလည်း….သိပ်ခုံခုံမင်မင်မရှိဘူး…အမေနို့ဘဲ…သူကြိုက်တယ်လေ…….ကျွန်မရုံးတက်တဲ့နေ့တွေမှာ…..အာဟာရမှုန့်ကို…အားရပါးရစားပေမယ့်…..ရုံးပိတ်ရက်မှာဆိုရင်..နို့ခဏခဏစို့နေရတာနဲ့…..အာဟာရမှုန့်ကို…မစားချင်တော့ဘူး……
သမီးလေး(၅)လပြည့်ပြီးတော့…အာဟာရမှုန့်ကို…နေ့လည်နဲ့…ညနေပိုင်းနှစ်ခါကျွေးတယ်……နို့ဘူးကုိတော့…လုံးဝတိုက်မရတော့ပါဘူး…....ကျွန်မမရှိတဲ့အချိန်တွေမှာ..သမီးေလးဗိုက်ဆာနေမှာစိုးလို့…..ချော့မော့တိုက်ပေမယ့်လည်း…..လုံးဝကို ြငင်းဆန်တာပါဘဲ…….အမေ့နို့ဆိုရင်တော့လာခဲ့….ဘယ်အချိန်ဘဲ ြဖစ်ဖြစ်…..သူ့အကြိုက်ပါဘဲ…….
သမီးလေး(၅)လခွဲလောက်အရွယ်မှာ…သူ့ကို ထိုင်ကွင်းလေးထဲ….ထည့်ကြည့်တာပေါ့….အစောပိုင်းရက်များမှာတော့ ထိုင်ကျင့်မရှိသေးတော့…..ဟိုယိုင်ဒီယိုင်….သူ့ခါးသူကောင်းကောင်း….မထိန်းမတ်နိုင်ဘူး……ြေခထောက်လေးကလည်း….ယက်ကန်ယက်ကန်နဲ့ဘဲ လှမ်းနိုင်သေးတယ်…..အဲဒီနောက်…..(၁၀)ရက်လောက်ကြာတော့မှ….တဖြည်းဖြည်းနဲ့…ခါးကို…. ထိန်းနိုင်မတ်နိုင်လာတယ်….ြေခထောက်ကလေးတွေနဲ့…..ရွှေ့ပြီးတွန်းတတ်လာတယ်…….
(၆)လပြည့်ပြီးတဲ့အချိန်မှာတော့…သမီးလေးဟာ……ကောင်းကောင်းကိုလှုပ်ရှားသွားလာတတ်ပါြပီ…..ဧည့်ခန်းမှာ…ကျင်ကျင်လည်လည်လှုပ်ရှားသွားလာတတ်ြပီးေနာက်မှာ ….အလယ် Passage မှာ….အဲဒီနောက်…အိပ်ခန်းတွေထဲ….ကောင်းကောင်း လည်ပတ်တော့တာပါဘဲ….တဒုန်းဒုန်းနဲ့ြေပးတော့တာပါဘဲ….ဧည့်ခန်းနှင့်မီးဖိုခန်းက….Plinth Level မညီတော့…… ကြားကတံခါးကို….ပိတ်ထားရတယ်……..…ြပီးတော.ဧည့်ခန်းကနေအိမ်ြပင်ထွက်တဲ့ တံခါးလည်း…..သမီးလေး ပြုတ်ကျမှာ စိုးတာနဲ့……ပိတ်ထားရတယ်……
အိပ်ခန်းထဲက……မှန်ရှေ့ကို…ရပ်ြပီး….သူ့ပုံလေးသူပြန်ြမင်ရတဲ့…..အထူးအဆန်းကြည့်နေတော့တာပါဘဲ….….မီးပျက်တဲ့တစ်ရက်မှာ….အိမ်မှာ….ဖယောင်းတိုင်လေးထွန်းထားတုန်း….သူအရိပ်လေးက….နံရံပေါ်ကျတာကို ြမင်ြပီး…..မျက်လုံးလေး ကလယ်ကလယ်နဲ့…. ကြည့်တော့တာပါဘဲ….သူလှုပ်တိုင်းအရိပ််ကလိုက်လှုပ်နေတော့…တော်တော်ထူးဆန်းနေတာပေါ့……
ကွင်းလေးနဲ့ကျင်ကျင်လည်လည်လျှေက်ြပီးသွားတတ်ြပီဆိုတာနဲ့……ပတ်ဝန်းကျင်မှာရှိတဲ့….အရာတိုင်းကို……လေ့လာစမ်းစစ်တော့တာပါဘဲ……လက်လှမ်းမှီတဲ့အရာမှန်သမျှကို….ကိုင်တွယ်တော့တာပါဘဲ……ကျွန်မတို့ကလည်း…..အန္တရာယ်ရှိနိုင်တဲ့အရာတွေကိုတော့…..ခပ်ဝေးဝေး…သမီးမသွားနိုင်တဲ့နေရာကို….ြေပာင်းထားရတယ်…….ကျိုးတန်းလန်းကျနေတာလေးတွေဆိုရင်ဆွဲတယ်….ရေသန့်ဘူးကရေပိုက်ခေါင်းဆိုရင်လည်းလှည့်ချင်တာပါဘဲ…….စက္ကူ၊စာရွက်၊စာအုပ်တွေ…ဆွဲစုပ်တယ်….. ြပီးတော့…ြမင်ြမင်သမျှလက်လှမ်းမီသမျှကို……အကုန်ပါးစပ်ထဲ….ဆွဲသွင်းတာပါဘဲ…….ကျွန်မတို့တွေကတော့……အမြဲတမ်းကြည့်…ဂရုစိုက်ပေးရတာပေါ့……..အိပ်ယာပေါ်မှာထားရင်လည်း ….ဘယ်တော့မှငြိမ်ငြိမ်မနေတော့ပါ….၃၆၀ဒီဂရီ…. လှည့်တော့တာပါဘဲ……
သမီးလေးဟာ…..အဖေချစ်လေးလေ…သူ့အဖေအသံကြားြပီဆိုတာနဲ့….အိပ်ငိုက်နေရင်တောင်မျက်လုံးဖွင့်ကြည့်တယ်…...ြပီးတော့မြင်တာနဲ့…..ဝူးဝူးဝါးဝါးစကားတွေြေပာြပီး…..ပြုံးပြပြီး….ထတော့တာပါဘဲ…ညညဆိုရင်…သူ့အဖေနဲ့…ကစားရတာအမောဘဲ….သူအဖေ အလုပ်သွားလို့…ညဘက်မိုးချုပ်မှ ြပန်လာတယ်ဆိုရင်လည်း….တံခါးဖွင့်သံ… သူအဖေြေခသံ…ကို ကြားြပီဆိုတာနဲ့…. နားစွင့်နေတာ…..ြပီးတော့ သူဆီလာမယ်အထင်နဲ့…..အိပ်ခန်းတံခါးကိုလည်း….. လှမ်းလှမ်းကြည့်သေးတယ် …ြပီးတော့ သ့အဖေနဲ့အတူ အိပ်ယာထဲမှာ…..ဆူညံနေအောင်…..ဆော့တော့တာဘဲ……..
သမီးလေးရဲ့…မျက်နှာလေးဟာ………အမြဲပြုံးချိုနေတတ်လို့….တခါတလေ….သူ့ကို…မပြုံးချိုလေး…..Sugar Lay လို့ စနောက်ြပီး…ခေါ်ကြတယ်…အိမ်နီးနားချင်းတွေနဲ့လည်း…..နှုတ်ဆက်စကားြေပာရတာအမော……မျက်နှာချင်းဆိုင်အိမ်က..ညီမလေးက သူအိမ်မီးဖိုထဲမှာ
ချက်ပြုတ်နေရင်…သမီးလေးက…ကျွန်မတို့အိမ် ဧည့်ခန်းထဲကနေ…လှမ်းနှုတ်ဆက်ရီပြရတာ….
ြပီ'တော့ချစ်စရာကောင်းတဲ့ အချက်လေးတခုက…ကျွန်မရုံးသွားြပီဆိုရင်…ရီပြုံးပြီးနှုတ်ဆက်တယ်…
ရုံးြပန်လာချိန်ဆိုရင်….အိမ်ရှေ့လှေခါးထိပ်ကနေ…တက်လာတဲ့သူမှန်သမျှကိုရီပြနှုတ်ဆက်ြပီး…ကျွန်မပါမပါ….ကြည့်တယ်…ကျွန်မတက်မလာသေးဘူးဆိုရင်တော့ …မျက်နှာငယ်လေးနဲ့ပေါ့…အဲဒီအခါကျတော့ သနားစရာလေးပေါ့……
တခါကရုံးပိတ်ရက်တရက်မှာပေါ့…သမီးလေးအိပ်နေတုန်း…. ထားခဲ့ပြီး…ကျွန်မတို့ အပြင်ခဏသွားတာ…..နိုးလာတဲ့ အချိန်မှာ…ကျွန်မတို့ကို ဟိုကြည့်ဒီကြည့်နဲ့လိုက်ရှာတာတဲ့….အဲဒီအခါမှ သမီးကိုထိန်းတဲ့အဒေါ်ကြီးက…သမီးအမေတို့မရှိဘူး.. အပြင်သွားတယ်ဆိုပြီး….အခန်းပေါင်းစုံ…တံခါးတွေဖွင့်ပြီးလိုက်ြပတော့မှ….ကျေနပ်သွားတာတဲ့…..
သမီးလေးဟာ….တစ်ရက်ထက်တစ်ရက်..အရမ်းကို….လည်ဝယ်ပါးနပ်…သိတတ်လာတယ်….သူရဲ့တတ်သိနားလည်မှုတွေကို ကြည့်ပြီး ….ပျော်ရွင်ရယ်မောရတာလည်း….အရမ်းကြည်နူးဖို့ကောင်းပါတယ်…..
ဪ…သားသမီးဆိုတာ…အိမ်ရဲ့ တကယ့် ရတနာလေး…..အိမ့်ဆည်းလည်းလေး….ပါဘဲလား…….
အိမ်ဆည်းလည်းလေး….ဘယ်လိုအသံမျိုးစုံ…..ထွက်ပေါ်လာအုံးမလဲဆိုတာကို….ရင်ခုန်စွာနှင့်….စောင့်မျှော်လျက်…….
ချစ်မေမေ (သမီးလေးမွေးနေ့ (၆)လပြည့် အမှတ်တရ)
(ဆက်လက်ဖော်ြပပါအုံးမည်)
(ဆန်းစနေ၀န်း)
This is my wife. Try it!
ReplyDeleteCongratulation.