Wednesday, February 10, 2016

Balancing of Family Life and Job


သိပ်ကြိုက်တဲ့ စကားစုလေးပါ
ကိုယ်ရင်ဆိုင်နေရတဲ့ တကယ့်လက်တွေဘ၀မှာလဲ မိသားစုဘ၀ (Family Life) နှင့် အလုပ် (Job) ဟန်ချက်မျှတဖို့ အရေးကြီးလှပါတယ်။
Family Life ဆိုတဲ့နေရာမှာ ကိုယ့် မိဘ၊ အိမ်သား၊ သားသမီး တွေရဲ့ ကတွေပါဝင်ပါတယ်။ မိသားစုဝင်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံပေါင်းသင်းရေး၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်စည်းပေးနိုင်ရေး စတာတွေ အားလုံးအတွက် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘ၀ဖြစ်စေရေးအတွက် ပံ့ပိုးနိုင်စေရပါမယ်။
Job ဆိုတဲ့နေရာမှာကတော့ သင့်တင့်လျောက်ပတ်ပြီး မိသားစုအတွက် လုံလောက်တဲ့ ၀င်ငွေရှိဖို့ရယ်၊ ကိုယ့် professional ပညာရပ်ကို အသုံးချနိုင်တဲ့ အလုပ်ဖြစ်သင့်တာရယ်၊ ကိုယ်ရဲ့ ပညာရပ်တိုးတက်နိုင်တဲ့ အခွင့်အလမ်းရှိဖို့ရယ်၊ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်ကောင်းရရှိမှုရယ်၊ ခေါင်းဆောင်ကောင်းရှိမှု နှင့် လက်တွဲညီညီဆောင်ရွက်နိုင်တဲ့ လုပ်ဖော်ကိုင်ဘက်ရှိမှုရယ်၊  အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ အလုပ်လုပ်နိုင်မှုရယ်။
အားလုံးဟာ ဟန်ချက်ညီညီ အချိုးကျကျ လည်ပတ်နေဖို့ လိုအပ်လှပါတယ်။ ဒီလို ဟန်ချက်ညီသော မိသားစုဘ၀ နှင့် အလုပ် Balancing of Family Life and Job ကို ကြိုးစား တည်ဆောက်ရင်း......
(ရွှေရတု အမှတ်တရ)

(ဆန်းစနေ၀န်း)






No comments:

Post a Comment