Thursday, November 29, 2012

ဂွမ်းရတု မှသည်


နှင်းငွေ.လွှမ်းခြုံသိုင်းတဲ့
နိုဝင်ဘာလရဲ့
နေ့ကောင်းရက်မြတ်
(၂၈) ဆိုတဲ့ မင်္ဂလာနေ့ထူးမှသည်
ယနေ့တိုင်ဆီ
(၂)နှစ်တိုင်ချေပြီ

လွန်ခဲ့သော နှစ်များဆီက
 စေတနာတွေ တူညီ
ခံစားချက်တွေ ဖလှယ်
ဝါသနာတွေ ရောယှက်
ဦးတည်ချက် တစ်ခုဆီ 
အတူလျှောက်လှမ်းကြရင်း
နှစ်ယောက်ကမ္ဘာလေးထဲမှာ
ဗိသုကာ အလှပန်း
မြိုင်ဆိုင်စွာ ပွင့်လန်းစေဖို့
တို့လက်တွေ ခိုင်မြဲခဲ့ကြတယ်

ဖန်ခါးမြေမှာ
တည်တဲ့ အုတ်မြစ်
နေပြည်သစ်မှာ ထပ်မံရစ်လို့
မိသားစုကမ္ဘာလေးထဲမှာ
ပျော်ရွင်မှုတွေကို မျှဝေရင်း
ဝမ်းနည်းမှုတွေကို နှစ်သိမ့်ရင်း
အောင်မြင်မှုတွေကို ခံစားရင်း
သောကတွေကို အားပေးကြရင်း
ဘ၀ရဲ့ ရသမျိုးစုံ ရင်ဆိုင်ကြရင်း
တို့လက်တွေ ခိုင်မြဲခဲ့ကြတယ်

အချစ်တွေ ရင်ဝယ်ထား
သံယောဇဉ်နဲ့ နှောင်ချည်
နားလည်မှု လက်တွဲ
အကြင်နာလက်တွေ ခိုင်မြဲပြီး
အေးချမ်းသာယာတဲ့
ရိပ်မြုံလေးတစ်ခု
ဖန်တီးရင်း
ဂွမ်းရတုမှသည်
ရတုအဆက်ဆက်ဆီသို့
လှမ်းလို့ရွယ်ချီ
***********
(ဆန်းစနေ၀န်း)


5 comments:

  1. အချစ်တွေ ရင်ဝယ်ထား
    သံယောဇဉ်နဲ့ နှောင်ချည်
    နားလည်မှု လက်တွဲ
    အကြင်နာလက်တွေ ခိုင်မြဲပြီး
    အေးချမ်းသာယာတဲ့
    ရိပ်မြုံလေးတစ်ခု
    ဖန်တီးရင်း
    ဂွမ်းရတုမှသည်
    ရတုအဆက်ဆက်ဆီသို့-------
    ထာဝရ ပျော်ရွှင်ပါစေ
    ၂ နှစ်ပြည့်လေးပေါ့...........

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်.. နှစ်နှစ်ပြည့်မင်္ဂလာ အမှတ်တရလေးပါ

      Delete
  2. အချစ်တွေ ရင်ဝယ်ထား
    သံယောဇဉ်နဲ့ နှောင်ချည်
    နားလည်မှု လက်တွဲ
    အကြင်နာလက်တွေ ခိုင်မြဲပြီး
    အေးချမ်းသာယာတဲ့
    ရိပ်မြုံလေးတစ်ခု
    ဖန်တီးရင်း
    ဂွမ်းရတုမှသည်
    ရတုအဆက်ဆက်ဆီသို့
    လှမ်းလို့ရွယ်ချီ......

    ၂နှစ်ပြည့် အမှတ်တရလေးကို ကြည်နူးစွာနဲ့လာဖတ်သွားပါတယ်နော်..

    ReplyDelete
  3. အချစ်တွေ ရင်ဝယ်ထား
    သံယောဇဉ်နဲ့ နှောင်ချည်
    နားလည်မှု လက်တွဲ
    အကြင်နာလက်တွေ ခိုင်မြဲပြီး
    အေးချမ်းသာယာတဲ့
    ရိပ်မြုံလေးတစ်ခု
    ဖန်တီးရင်း
    ဂွမ်းရတုမှသည်
    ရတုအဆက်ဆက်ဆီသို့
    လှမ်းလို့ရွယ်ချီ....

    ၂နှစ်ပြည့်အမှတ်တရပို့စ်လေးကို ကြည်နူးစွာနဲ့လာဖတ်သွားပါတယ်နော်.....

    ReplyDelete